မိုင်းဖြတ်မြို့နယ်၌ သွေးလွန်တုပ်​ကွေး​ရောဂါ ကြိုတင်ကာကွယ်​ရေး ခြင်​ဆေးဖျန်းခြင်းနှင့် အဘိတ်​ဆေးခပ်ခြင်းလုပ်ငန်း ​ပူး​ပေါင်းဆောင်ရွက်

မိုင်းဖြတ် ဇူလိုင် ၂၄

ရှမ်းပြည်နယ်(အ​ရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ​သွေးလွန်တုပ်​ကွေး​ရောဂါ ကြိုတင်ကာကွယ်​ရေးအတွက် ခြင်​ဆေးဖျန်းခြင်း၊ အဘိတ်​ဆေးခပ်ခြင်းလုပ်ငန်းများကို  ဇူလိုင် ၂၂ ရက်၊ နံနက်ပိုင်းက အ​ခြေခံပညာ​ကျောင်းများတွင်  ပူး​ပေါင်း​ဆောင်ရွက်ခဲ့​ကြောင်း သိရသည်။

ထိုသို့​ဆောင်ရွက်ရာတွင် မိုင်းဖြတ်တပ်နယ်မှူး ဒုတိယဗိုလ်မှူးကြီး​အောင်ကိုစိုးနှင့် တပ်မ​တော်သားများ၊ မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီ​အောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးတင်​အောင်နှင့် ဌာနဆိုင်ရာများ၊ ကျန်းမာ​ရေးဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီး​ရေးရာ ဥက္ကဋ္ဌ ဒေါ်သီတာဝင်းနှင့် အဖွဲ့ဝင်များ၊ ​ကျောင်းအုပ်ကြီးများနှင့် ဆရာ၊ ဆရာမများက ​​အထက(ဟိုနား)၊ အထက(မိုင်းဖြတ်)​ကျောင်းများရှိ ​​သောက်သုံး​ရေကန်များတွင် ပိုး​လောက်လမ်းများ ​ပေါက်ပွားမှုမရှိ​စေ​ရေး အဘိတ်​ဆေးများ လိုက်လံခပ်ခဲ့ကြသည်။

ထို့အတူ  နယ်​မြေခံတပ်ရင်းမှ တပ်မ​တော်သားများ (ခြင်​ဆေးဖျန်းအဖွဲ့)က အ.ထ.က(ဟိုနား)၊ အ.ထ.က (မိုင်းဖြတ်)၊ အ.မ.က(ဝမ်မိုင်)၊ မူလွန်(၂၂၁)​ကျောင်းများရှိ စာသင်ခန်းများနှင့် ခြင်များခို​အောင်းနိုင်သည့် ​နေရာတို့တွင် ခြင်​ဆေးဖျန်းခြင်းကို ​ဆောင်ရွက်ခဲ့​ကြောင်း သိရသည်။

သန်းထွန်း​အေး(မိုင်းဖြတ်)