ပေါက်တောမြို့တွင် ဦးနှောက်အမြှေးပါးရောင်ရောဂါနှင့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင် ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ်တွင် ခြင်ကိုက်ခံရခြင်းကြောင့် ဦးနှောက်အမြှေးပါး ရောင်ရောဂါနှင့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ် နှိမ်နင်းရေးအတွက် ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့မှ ဝန်ထမ်းများသည် ယနေ့ညနေပိုင်းက အရှေ့ပိုင်းရပ်ကွက်သို့ သွားရောက်ပြီး အဘိတ်ဆေးခတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။