ဖျာပုံ ဇူလိုင် ၂၄
ရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပါဝင်သော ပူးပေါင်းအဖွဲ့မှ ပြည်သူများ အခြေခံစားသောက်ကုန်ပစ္စည်းများအား သက်သာသော စျေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် ယနေ့နံနက် (၈)နာရီအချိန်က ဖျာပုံမြို့ အမှတ် (၁၆) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှေ့တွင် ရောင်းချပေးကြသည်။
ထိုသို့ရောင်းချပေးရာတွင် ဖျာပုံ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူးဦးရဲလင်းဦး၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဦးမင်းဇော်၊ ခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ဒေါက်တာကျော်မြင့်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဦးစီးအရာရှိဒေါ်သက်သက်ကြူနှင့် ဝန်ထမ်းများသည် ဖျာပုံမြို့ အမှတ်(၁၆) ရပ်ကွက်အတွင်းရှိ ပြည်သူများအား အခြေခံစား သောက်ကုန်ပစ္စည်းများကို သက်သာသောစျေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် ဆီ(၁) ပိဿာလျှင် (၅၀၀၀)ကျပ်၊ ဘဲဥ(၁)လုံးလျှင်(၂၃၀)ကျပ်၊ အမဲသား (၁)ပိဿာလျှင် (၁၀၀၀၀)ကျပ်၊ ကန်ဇွန်းရွက်၊ ချဥ်ပေါင်ရွက်စသော ဟင်းသီးဟင်းရွက်များအား သက်သာသော စျေးနှုန်းဖြင့် ပြည်သူများ အဆင်ပြေစွာ ဝယ်ယူနိုင်ရေး လိုက်လံရောင်းချ ပေးလျက်ရှိကြသည်။ ဖျာပုံမြို့နယ်အနေဖြင့် အခြေခံစားသောက်ကုန်ပစ္စည်းများကို ပြည်သူများသို့ သက်သာသော စျေးနှုန်းဖြင့် တစ်ပတ်လျှင်၊ တစ်ကြိမ်၊ တနင်္လာနေ့တိုင်း မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများသို့ လှည့်လည်ရောင်းချပေးသွားမည်ဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရှိရသည်။
အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)