တန်ဖိုးမြှင့် စားသောက်ကုန် ( သီးနှံအခြေခံ ယို၊ ဖျော်ရည်၊ ဝိုင်အမျိုးမျိုး) ထုတ်လုပ်မှု နည်းပညာ သင်တန်းဖွင့်လှစ်  

ပြင်ဦးလွင်  ဇူလိုင် ၂၄   

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊  ပြင်ဦးလွင်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် တန်ဖိုးမြှင့် စားသောက်ကုန် (သီးနှံအခြေခံ ယို၊ ဖျော်ရည်၊ ဝိုင် အမျိုးမျိုး) ထုတ်လုပ်မှု နည်းပညာသင်တန်း ဖွင့်ပွဲကို ယနေ့နံနက် (၁၀)နာရီအချိန်က ပြင်ဦးလွင် မြို့နယ်၊ ပင်လိန် (အရှေ့) ကျေးရွာ၊  ရွာဦးကျောင်းရှိ ဓမ္မာရုံ၌   ကျင်းပပြုလုပ်ရာ တာဝန်ရှိသူများ၊ သင်တန်းနည်းပြဆရာများနှင့်   သင်တန်းသားများ တက်ရောက်ကြသည်။    

ရှေးဉီးစွာ   ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးစိုင်းအောင်ကြည်မှ အဖွင့်အမှာစကားပြောကြားပြီး မန္တလေးတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းဗိုလ်မှ သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်အား အသေးစိတ်ရှင်းလင်းပြောကြားခဲ့သည်။ 

ဆက်လက်ပြီး  တာဝန်ရှိသူများမှ  စီမံကိန်းလုပ်ငန်းအား  ကျေးရွာကော်မတီ အဖွဲ့ခေါင်းဆောင် ထံသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး  သင်တန်းနည်းပြ ဆရာများနှင့် သင်တန်းသားများ  အမှတ်တရ စုပေါင်း ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။

အဆိုပါ တန်ဖိုးမြှင့် စားသောက်ကုန်( သီးနှံအခြေခံ ယို၊ ဖျော်ရည်၊ ဝိုင်အမျိုးမျိုး) ထုတ်လုပ်မှုနည်းပညာသင်တန်းကို (၂၄-၇-၂၀၂၃ )နေ့မှ (၃၀-၇-၂၀၂၃ ) ရက်နေ့အထိ သင်တန်းကာလ (၇) ရက်ဖြင့်  နံနက် ၉နာရီမှ ညနေ ၁၆ နာရီအထိ  သင်တန်းနည်းပြဆရာများ မှ  သီးနှံအခြေခံ ယို၊ ဖျော်ရည်နှင့် ဝိုင်အမျိုးမျိုး ပြုလုပ်နည်း  စသည့်တို့ကို စာတွေ့လက်တွေ့ စနစ်တကျသင်ကြားပို့ချ လျက်ရှိရာ   သင်တန်းသား (၁၀ ) ဦး  တက်ရောက်သင်ကြား လျက်ရှိပါကြောင်း  တာဝန်ရှိသူတစ်ဦး၏  ပြောကြားချက်အရ သိရသည်။

ခရိုင် ( ပြန် / ဆက် )