တောင်ကုတ်မြို့နယ်၌ ဖုံး သွန် လဲ စစ်နှင့် အဘိတ်ဆေးခပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ

တောင်ကုတ် ဇူလိုင် ၂၄

ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့နယ်တွင် ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ လုပ်ငန်းများ ပိုမိုထိရောက် စေရေး၊ ဂျပန်ဦးနှောက်အမှေးရောင် ရောဂါကြိုတင်ကာကွယ်ရေး ၊ ရာသီတုပ်ကွေး‌ရောဂါ ဖြစ်ပွားမှုမရှိစေရေးတို့အတွက် ဖုံး သွန် လဲ စစ်နှင့် အဘိတ်ဆေးခပ်ခြင်းလုပ်ငန်းများကို ယနေ့နံနက် (၈) နာရီအချိန်က သိမ်တောင်ရပ်ကွက်ရှိ အောင်ချမ်းသာ၊ စိတ္တသုခ ကွက်သစ်များ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မိုးရာသီကာလတွင် ခြင်ကြောင့်ဖြစ်ပွားတတ်သည့် သွေးလွန်တုပ်ကွေး ရောဂါနှင့် ဂျပန်ဦးနှောက်အမှေးရောင်ရောဂါ ကြိုတင်ကာကွယ်ရေးတို့အတွက် ပိုးလောက်လန်းများနှင့် ခြင်များ အလွယ်တကူပေါက်ပွားနိုင်သည့် ရေအိုင်ရေစပ်များ၊ ရေတွင်းရေကန်များ၊ ကြာရှည်သိုလှောင်ထိန်းသိမ်းထားနိုင်သည့် ရေပုံးများကို အဘိတ်ဆေးခတ်ခြင်း ၊ဘုရားပန်းအိုးများရေလဲလှယ်ရန်အသိပညာပေးခြင်းနှင့် ဖုံး သွန် လဲ စစ် လုပ်ငန်းများကို မြို့နယ်ကျန်းမာရေး ကြီးကြပ်မှုကော်မတီမှ အဖွဲ့ (၄) ဖွဲ့ခွဲကာ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ စုပေါင်းဆောင်ရွက်ရာသို့ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်အေး၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးဇာနည်တိုးနှင့် ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျန်းမာရေး ဦးစီးဌာနမှဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးနှင့် အဖွဲ့ဝင်များ ပူးပေါင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်