ပန်းတနော်မြို့၌ စာဖတ်ဝိုင်း ကျင်းပ

ပန်းတနော် ဇူလိုင် ၂၄

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့နယ် လူထုအခြေပြုဗဟိုဌာန အဆောက်အအုံ (Meeting Room)ခန်းမ၌ ယနေ့နံနက် ၁၁ နာရီက စာရေးဆရာ ဒေါက်တာခင်မောင်ညို၏ လူငယ်နှင့် အကောင်းဆုံးသော ဘဝကိုတည်ဆောက်ခြင်း ခေါင်းစဥ်ဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဦးကိုကိုမောင်က လူငယ်လူရွယ်များ စာအုပ်စာပေဖတ်ရှုလေ့လာလိုက်စားခြင်းဖြင့် အသိပညာ၊ အတက်ပညာ ဗဟုသုတများ ရရှိစေရန်ရည်ရွယ်၍ စာဖတ်ဝိုင်းကျင်းပပြုလုပ်ပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာကြသည့် (Book Club) အသင်းအဖွဲ့ဝင်များက လူငယ်နှင့်အမှား၊ လူငယ်နှင့်အောင်မြင်ခြင်း၊ လူငယ်နှင့် စူးစမ်းစိတ်၊ လူငယ်နှင့် တာဝန်သိမှု၊ လူငယ်နှင့်လူမှုရေးအတွေး စသည့် အကြောင်းအရာ များအား အကျယ်တဝင့် ဆွေးနွေးခဲ့ကြောင်း သိရသည်။

ပြည့်ဖြိုးကျော်(ပြန်/ ဆက်)