အခြေခံစာရင်းရေး စာရင်းကိုင်ကျွမ်းကျင်မှု သင်တန်းဆင်းပွဲ ကျင်းပ

မန္တလေး ဇူလိုင် ၂၄

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ သမဝါယမဦးစီးဌာနများတွင် တာဝန်ထမ်းဆောင်နေသော အငယ်တန်းစာရေး ဝန်ထမ်းများအား လုပ်ငန်းခွင်တွင် စွမ်းရည်ပြည့်ဝစွာ ဆောင်ရွက်နိုင်စေရန်အတွက် အမှုထမ်းများ အခြေခံစာရင်းရေး စာရင်းကိုင်သင်တန်းကို ဖွင်လှစ်သင်ကြားပေးခဲ့ရာ သင်တန်း ဆင်းပွဲကို ဇူလိုင်လ ၂၄ရက် နံနက် ၁၁နာရီက မန္တလေးတိုင်းဒေသကြီး သမဝါယမဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပသည်။

အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး သမဝါယမဦးစီးဌာန၊ တိုင်းဒေသကြီး ဦးစီးမှူးဦးကျော်မိုးတင့်မှ သင်တန်းဆင်း အမှာစကားပြောကြားပြီး သင်တန်းသားတစ်ဦးမှ ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း၊ ယင်းသင်တန်းတွင် အငယ်တန်းစာရေး ဝန်ထမ်း (၇၂) ဦးတက်ရောက်ခဲ့ပြီး ဇူလိုင်လ (၁၀) ရက်နေ့မှ ဇူလိုင်လ ၂၁ ရက်နေ့အထိ ဖွင့်လှစ်သင်ကြား ပို့ချပေးခဲ့ကြောင်း သိရသည်။

ထိပ်ထားနိုင်