မအူပင်မြို့တွင် Biometric အချက်အလက်များကောက်ယူ၍ Unique ID (UID) နံပါတ်များ ထုတ်ပေး

မအူပင် ဇူလိုင် ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့တွင် Biometric အချက်အလက်များ ကောက်ယူ၍ Unique ID (UID)နံပါတ်များ ထုတ်ပေးခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်ပညာရေးမှူးရုံးတွင် ဆောင်ရွက်သည်။

အဆိုပါ e-ID Biometric အချက်အလက်များကောက်ယူခြင်းလုပ်ငန်းအား မအူပင်မြို့ပေါ်ရှိ ဆရာ/ဆရာမများအား Biometric အချက်အလက်များကောက်ယူ၍ တစ်ဦးချင်းစီအား QR Code ပါရှိပြီး ဂဏန်း(၁၀)လုံးပါသည့် Unique ID နံပါတ်စာရွက်များကို ပြန်လည်ထုတ်ပေးခဲ့ပြီး ၎င်းစာရွက်တွင် နိုင်ငံသားစိစစ်ရေးကတ်အမှတ်၊ အမည်၊ အဘအမည်၊ မွေးသက္ကရာဇ်၊ သွေးအုပ်စု၊ နေရပ်လိပ်စာ၊ ကောက်ယူသည့်စက်နှင့် စာရင်းသွင်းရက်စွဲများ ပါရှိကြောင်း သိရသည်။

မအူပင်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနမှ e-ID Biometric အချက်အလက်များ ကောက်ယူခြင်းနှင့်   Unique ID (UID)နံပါတ်များ ထုတ်ပေးခြင်းလုပ်ငန်းကို နေ့စဉ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

မအူပင်ခရိုင်(ပြန်/ဆက်)