မန့်ဟီးရိုးမြို့တွင် ရုံးပတီသီးကို မိသားစုစားသောက်ရန်အပြင် လက်လီလက်ကားရောင်းချရန်အထိ တိုးချဲ့စိုက်ပျိုးလာ
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မန့်ဟီးရိုးမြို့တွင် ဒေသခံတိုင်းရင်းသားများသည် စိုက်ပျိုး မွေးမြူရေးကို အဓိထားလုပ်ကိုင်လျက်ရှိပြီး မိုးစပါး စိုက်ပျိုးပြီးစီးပြီဖြစ်၍ မိသားစုစားသောက်ရန်နှင့် တခြားသော မြို့နယ်များသို့ လက်လီလက်ကားရောင်းချရန် ရာသီတိုသီးနှံများကို စတင်စိုက်ပျိုးလျက်ရှိကာ စိုက်ပျိုးစရိတ်သက်သာသော ရုံးပတီသီးများကို တိုးချဲ့စိုက်ပျိုးလျက်ရှိပါသည်။