နတ်မောက်မြို့နယ်၌ စားဖိုချောင်သီးနှံ တိုင်ထောင်ခရမ်းချဉ်သီးများ ဈေးကောင်း

နတ်မောက် ဇူလိုင် ၂၄

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြိုမစျေးတွင် စားဖိုချောင်သုံးသီးနှံ တိုင်ထောင်ခရမ်းချဉ်သီးများ ဈေးကောင်းလျက်ရှိကြောင်း ရောင်းချသူ  ဒေါ်မေနွဲ့ထံက သိရသည်။

“ကျွန်မကတော့ ကုန်စိမ်းများဖြစ်တဲ့ တိုင်ထောင်ခရမ်းချဉ်၊ ဗမာခရမ်းချဉ်၊ မျှစ်၊ ဖရုံသီး၊ ဘူးသီးများကို တစ်နိုင်တစ်ပိုင် မှာယူပြီး မြို့မဈေး၌ နေ့စဉ် ရောင်းချနေသူဖြစ်ပါတယ်။ အရင်နှစ် ခုလိုမိုးရာသီမှာ တိုင်ထောင်ခရမ်းချဉ် တစ်ပိဿာကို (၁၀၀၀)ဖြစ်ပြီး၊ ဗမာခရမ်းချဉ် တစ်ပိဿာကို ကျပ် (၁၂၀၀)ရောင်းချရပါတယ်၊ ခုနှစ် မိုးရာသီမှာတော့ တိုင်ထောင်ခရမ်းချဉ်တစ်ပိဿာကို  လက်လီအနေနဲ့ (၁၈၀၀)ကျပ် ရောင်းရပြီး လက်ကားအနေနဲ့ (၁၆၀၀) ကျပ် ရောင်းရပါတယ်၊ အမြတ်ငွေအနေကတော့ သယ်ယူစရိတ်နုတ်ပြီးဆိုရင် မိမိအတွက် (၁၅၀၀၀)ကျပ်လောက်ကျန်ပါတယ်။ အိမ်အသုံးစရိတ်အတွက် မပူရတာဘူးပေါ့”ဟု ရောင်းချသူ ဒေါ်မေနွဲ့က ပြောသည်။

နတ်မောက်မြို့နယ်တွင် တိုင်ထောင်ခရမ်းချဉ်နှင့် ဗမာခရမ်းချဉ်သီးများကို အင်းကုန်းရွာ၊ န/လက်ခုပ်ပင်ရွာ၊ ကြူအိုင်ရွာ၊ ဘုန်းတော်ပြည့်ရွာ၊ အိုးဘိုရွာ၊ ရွာမွန်ရွာ၊ ပ/ကျားထူးရွာများတွင် ရာသီမရွေး မြေအောက် ရေပေးသွင်းခြင်းဖြင့် စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

မူမူစန်း