ကရင်ပြည်နယ်၊ ဘားအံမြို့တွင် အသိပညာပေးဟောပြောပွဲကျင်းပ
ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ကျောင်းသားလူငယ်များ အသိပညာဗဟုသုတတိုးပွားစေရေး အသိပညာပေး ဟောပြောပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်ခန့်က ဘားအံမြို့ အမှတ်(၆) အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။