ကျောက်ဆည်မြို့နယ်တွင် မိုးရာသီဆီထွက်သီးနှံမျိုးစုံ (၄၀၆၃) ဧက စိုက်ပျိုးပြီးဖြစ်
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ဒေသတွင်းစားသုံးဆီဖူလုံပိုလျှံ စေရေး ၂၀၂၃-၂၀၂၄ ခုနှစ် မိုးရာသီဆီထွက်သီးနှံမျိုးစုံ (၇၄၈၀) ဧက လျာထား စိုက်ပျိုးလျက်ရှိရာ (၄၀၆၃) ဧက စိုက်ပျိုးပြီးကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။