ကျောင်းကုန်း ဇူလိုင် ၂၆
(၂၀၂၃) ခုနှစ် "အပြည်ပြည်ဆိုင်ရာ ဒီရေတောဂေဟစနစ် ထိန်းသိမ်းရေးနေ့" အထိမ်းအမှတ်အဖြစ် သစ်ပင်သစ်တောများစိမ်းလန်း စိုပြေရေး၊ သစ်ပင်သစ်တောများမှ ရာသီဥတုအပူဒဏ်ကို ကာကွယ်ပေးနိုင်သည့်တန်ဖိုးကို နားလည်ချစ်မြတ်နိုးလာစေရန် ရည်ရွယ်ကာ ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်သစ်တောဦးစီးဌာန၊ ကျောင်းကုန်းဘိနယ်မှကြီးမှူး၍ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့ နယ်၊အမှတ်(၁) ရပ်ကွက်၊ အောင်ရတနာဘုန်း ကြီးကျောင်းဝန်းအတွင်း၌ ယနေ့နံနက် ၇း၃၀ နာရီအချိန်ခန့်က စုပေါင်း၍သစ်ပင်စိုက်ပျိုးခဲ့ကြသည်။
အဆိုပါသစ်ပင်စိုက်ပျိုးပွဲတော်သို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်း၊ အဖွဲ့ဝင်(၁)ဗိုလ်မှူး နေဝင်းနောင်၊ အဖွဲ့ဝင်(၂)ဦးတင်မောင်၊ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်နိုင်ဦး၊ ရေကြည်မြို့နယ်သစ်တောဦးစီးဌာနဦးစီးဌာန တောအုပ်ကြီး ဦးကိုကိုလေးနှင့် သစ်တောဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီး အကဲများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ နှင့်ပြည်သူများ စုစုပေါင်းအင်အား(၁၅၀)ခန့်က အမြင့် (၃) ပေနှင့်အထက်ရှိသော ကျွန်းပင်(၁၅၀)ပင်နှင့် မန်ဂျန်ရှား အပင် (၅၀၀) ၊ စုစုပေါင်း (၆၅၀) ပင်အား စိုက်ပျိုးခဲ့ကြသည်။
ဆက်လက်၍ ပျိုးထောင်ထားရှိသည့် ပျိုးပင်များအား ပြည်သူများထံသို့ အခမဲ့ဖြန့်ဝေပေးခြင်းများကိုလည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဝင်းကြိုင် (ပြန်/ဆက်)