ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်းသည် တာဝန်ရှိသူ များနှင့်အတူ ဘူးသီးတောင်မြို့နယ်အတွင်း မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေအား ကြည့်ရှုစစ်ဆေး

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်ရောက်ရှိနေသော ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်းသည် ဘူးသီးတောင်တပ်နယ်မှူး ဗိုလ်မှူးကြီးတင်မိုးအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဝင်း၊ အဖွဲ့ဝင်များနှင့်အတူ ယနေ့နံနက် (၈) နာရီအချိန်က မီးရထားဆိပ်ရပ်ကွက်ရှိ ပန်ဇင်းချောင်း ကမ်းဘေး၊ စည်ပင်သာယာပိုင်မြေနေရာရှိ အများပြည်သူအနားယူ အပန်း ဖြေနိုင်ရန်အတွက် မြို့ပန်းခြံပြုလုပ်မည့် မြေနေရာအား တပ်မတော်သားများ၊ မြို့နယ်ရဲတပ်ဖွဲ့ ဝင်များ၊ စည်ပင်ဝန်ထမ်းများ၊ မီးသတ်ဝန်ထမ်းများ၊ မြို့သစ်ရပ်ကွက်နှင့် မီးရထားဆိပ် ရပ်ကွက်တို့မှ ပြည်သူများပူးပေါင်းပြီး အမှိုက်များရှင်းလင်းခြင်း၊ မြက်/ပေါင်းပင်များ ခုတ်ထွင်ရှင်းလင်းခြင်းလုပ်ငန်းများ စုပေါင်းဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှု အားပေးခဲ့ပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် အများပြည်သူ အနားယူ အပန်းဖြေနိုင်မည့် မြို့ပန်းခြံတစ်ခုဆောက်လုပ်နိုင်ရေးတို့နှင့် လိုအပ်သည်များကို တာဝန်ရှိသူများအား လမ်းညွှန်မှာကြားကာ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီး မြို့ပန်းခြံတည်ဆောက်မည့် နေရာအနီးရှိ လျှပ်စစ်မီးသွယ်တန်းထားရှိသော ဓါတ်ကြိုးများတွင် သစ်ပင်/သစ်ကိုင်းများ ကျရောက်နေခြင်းအား လျှပ်စစ်အန္တရာယ် ကင်းရှင်းစေရေးအတွက် တပ်မတော်သားများ၊ မြို့နယ်လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှဝန်ထမ်းများ၊ မြို့နယ်မီးသတ် တပ်ဖွဲ့ဝင်များနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများမှ စုပေါင်းရှင်းလင်း ဖယ်ရှားနေသည်ကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း အစိုးရနည်းပညာအထက်တန်းကျောင်း(စစ်တွေ) ကျောင်းသား/ကျောင်းသူများ ပညာသင်ကြားနေမှု အခြေအနေနှင့် မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ဖောင်တော်ကြီးဆိပ်ကမ်းတို့ကို လှည့်လည်ကြည့်ရှု

ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်းသည် ဒုတိယဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့ မွန်းလွဲပိုင်းက အစိုးရနည်းပညာအထက်တန်းကျောင်း(စစ်တွေ) ကျောင်းသား/ကျောင်းသူများ ပညာသင်ကြားနေမှု အခြေအနေနှင့် မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ဖောင်တော်ကြီးဆိပ်ကမ်းတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးကြသည်။

ရသေ့တောင်မြို့နယ်တွင် ဌာဆိုင်ရာများက ပြန်လည်ထူထောင်ရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ကွင်းဆင်းဆောင်ရွက်

ရခိုင်ပြည်နယ်၊ ရသေ့တောင် မြို့နယ်တွင် ဌာနဆိုင်ရာများ ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ယနေ့‌ နံနက်(၁၁)အချိန်က ဆိုင်ကလုန်းမုန်တိုင်း (မိုခါ)တိုက်ခတ်ပြီးနောက် ပြန်လည်ထူထောင်ရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် သရက်ချောင်းကျေးရွာနှင့် သရက်ပြင်ကျေးရွာများသို့ ကွင်းဆင်းကာ ကျေးရွာသူ၊ ကျေးရွာသားများနှင့် တွေ့ဆုံခဲ့ကြသည်။

မောင်တောမြို့တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦးနှင့် ဌာနဆိုင်ရာ တာ၀န်ရှိသူများသည် ရွှေဇားကျေးရွာတွင် မိုးစပါးများ ပျိုးထောင်ထားရှိမှုနှင့် မြေပြုပြင်ထွန်ယက်နေမှုများအား လိုက်လံကြည့်ရှုစစ်ဆေး

ရခိုင်ပြည်နယ် မောင်တောမြို့တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦးနှင့် ဌာနဆိုင်ရာ တာ၀န်ရှိသူများသည် ရွှေဇားကျေးရွာတွင် မိုးစပါးများ ပျိုးထောင်ထားရှိမှုနှင့် မြေပြုပြင်ထွန်ယက်နေမှုများအား ယမန်နေ့ညနေပိုင်းက မြေပြင်ကွင်းဆင်း လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြသည်။

သပိတ်ကျင်းမြို့ ဆိပ်ကမ်းရပ်ကွက်ရှိ ပြည်သူများအား ဇီဝဆိုင်ရာ အချက်အလက်များ ဆက်လက်ကောက်ယူ

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ရုံးမှ မြို့နယ်ဦးစီးအရာရှိ ဦးမင်းသူရနှင့် ဝန်ထမ်းများမှ ယနေ့နံနက် (၁၀) နာရီအချိန်က သပိတ်ကျင်းမြို့ ဆိပ်ကမ်းရပ်ကွက်အတွင်းရှိ  ပြည်သူများအား ဇီဝဆိုင်ရာအချက်အလက် (Biometric Data) ကောက်ယူခြင်းလုပ်ငန်းများကို ဆိပ်ကမ်းရပ်ကွက် ရွှေဝါဝင်းခန်းမတွင် ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

ပိုင်ကျုံမြို့ တနင်းသရောကျေးရွာ အခြေခံပညာမူလတန်းကျောင်းတွင် စုပေါင်းဝါဆိုသင်္ကန်း ကပ်လှူပူဇော်ပွဲ အခမ်းအနား ကျင်းပ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့  တနင်းသရောကျေးရွာ အ-မ-ကတနင်းသရောကျောင်းရှိ ဆရာ/ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းသားမိဘများက စုပေါင်းကာ ဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲ အခမ်း အနားကို ယမန်နေ့က ဆောင်ရွက်ခဲ့သည်။

ဂွမြို့ ရဟိုင်ကွင်း အခြေခံပညာအလယ်တန်းကျောင်း၌ လူငယ်နှင့်ဖွံ့ဖြိုးတိုးတက်ရေး လူငယ်စကားဝိုင်း ဆွေးနွေးပွဲ ကျင်းပ

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီခွဲက ဂွမြို့၊ ရဟိုင်ကွင်း အခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ပင်းတယမြို့နယ်တွင် ဒေသထွက် လက်ဖက်အညွှန့်များ လှိုင်လှိုင်ထွက်ရှိနေပြီဖြစ်၍ စတင်ခူးဆွတ်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများသည် စိုက်ပျိုးရေးကို အဓိကစီးပွားရေးအဖြစ်လုပ်ကိုင်ကြပြီး ဒေသနှင့်ကိုက်ညီသည့် စိုက်ပျိုးသီးနှံများကို ရာသီအလိုက်စိုက်ပျိုးရောင်းချကြရာ မြန်မာလူမျိုးများ အနှစ်သက်ဆုံးနှင့် အလှူမင်္ဂလာ၊ ဧည့်ခံပွဲတိုင်းတွင် မပါမဖြစ်ရိုးရာ အစားအစာဖြစ်သော လက်ဖက်ပင်များကို ဧကအများအပြား စိုက်ပျိုးထားသည့် တောင်ပေါ်ဒေသများရှိ လက်ဖက်ပင်များတွင် လက်ဖက်အညွှန့်များ လှိုင်လှိုင်ထွက်ရှိနေပြီဖြစ်၍ စတင်ခူးဆွတ်နေကြပြီဖြစ်သည်။

တွံတေးမြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ချေးငွေဖြင့် မိုးစပါးစိုက်ပျိုးမည့်တောင်သူအစုအဖွဲ့များသို့ သွင်းအားစုမြေသြဇာအိတ်များလွှဲပြောင်းပေးအပ်ခြင်းနှင့် သွင်းအားစုတန်ဖိုးငွေများချေးခြင်းအခမ်းအနားကျင်းပ

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် တွံတေးခရိုင်အတွင်းမှ ချေးငွေရရှိသူတောင်သူအစုအဖွဲ့(၁၀၉)ဖွဲ့၊ အကျိုးတူလယ်ယာစနစ်ဆောင်ရွက်သည့် တောင်သူအစုအဖွဲ့(၄၂)ဖွဲ့ရှိ တောင်သူများသို့ သွင်းအားစုမြေသြဇာအိတ်များ လွှဲပြောင်းပေးအပ်ခြင်းနှင့် သွင်းအားစုတန်ဖိုး ချေးငွေများချေးခြင်းအခမ်းအနားကို ယနေ့နံနက်(၁၁)နာရီက တွံတေးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ တော်ဝင်စန္ဒကူးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်၌ ယခုနှစ် မိုးစပါးစိုက်ပျိုးရာသီတွင် မဲဇလီရေလွှဲဆည်ရေဖြင့် မိုးစပါးသီးနှံဧက ၂၉၆၈၃ ဧက စိုက်ပျိုးပြီးစီး

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ဒေသခံတောင်သူများက မဲဇလီရေလွှဲဆည်ရေဖြင့် မိုးသီးနှံလျာထားဧက ပြည့်မီစေရေးအတွက် ဇူလိုင်လဆန်းကစပြီး ကြိုးပမ်းစိုက်ပျိုးလျက်ရှိရာ ယနေ့အထိ မိုးစပါးသီးနှံ ၂၉၆၈၃ ဧက စိုက်ပျိုး ဆောင်ရွက်ပြီးစီးသွားပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။
Subscribe to