ကြံခင်းမြို့နယ်အတွင်းရှိ ဈေးဆိုင်များတွင် ကုန်အညွှန်းအမှတ်အသား​ ပြည့်စုံစွာဖော်ပြပါရှိသော စားသောက်ကုန်များ ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေး

ကြံခင်း ဇူလိုင် ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နေ ပြည်သူများ တားမြစ်အစားအစာများကို စားသုံးမိလျင် ကျန်းမာရေးအန္တရာယ်ထိခိုက်နိုင်သဖြင့် စားသုံးမှုမရှိကြစေရေးအတွက် ယမန်နေ့နံနက်ပိုင်းက ကြံခင်းမြို့နယ်အတွင်းရှိ ဈေးဆိုင်များတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြပါရှိသော စားသောက်ကုန်များ ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးကြကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ကျန်းမာရေးဝန်ကြီးဌာန အစားအသောက်နှင့် ဆေးဝါးကွတ်ကဲမှုဦးစီးဌာန၏ ထောက်ခံချက်မရှိသော စားသောက်ကုန်ပစ္စည်းများ၊ ကုန်အညွှန်းအမှတ်အသားအားမြန်မာဘာသာဖြင့် ပြည့်စုံစွာဖော်ပြထားခြင်းရှိ/မရှိနှင့် ရက်လွန်စားသောက်ကုန်ပစ္စည်းများ ရောင်းချနေခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါစစ်ဆေးခြင်းကို ဈေးကွက်စောင့်ကြည့် စစ်ဆေးရေးအဖွဲ့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာ စစ်ဆေးရေးအရာရှိ ဦးကျော်နိုင်ဝင်းနှင့်တာဝန်ရှိသူများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်ရဲတပ်ဖွဲ့တို့မှတာဝန်ရှိသူများပူးပေါင်းပြီး ကြံခင်းမြို့နယ်အတွင်းရှိ ဈေးဆိုင် (၃) ဆိုင်အားစစ်ဆေးခဲ့ပြီး စားသုံးရန်မသင့်သည့် ရက်လွန်စားသောက်ကုန်များအား ယာယီတား​​​​မြစ်ခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)