ကန်ကြီးထောင့် ဇူလိုင် ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်အတွင်းရှိ ရပ်ကွက်၊ကျေးရွာနေ ပြည်သူများ အကြမ်းဖက်သမားများဘေးရန်မှကင်းဝေးပြီး အေးချမ်းသာယာလုံခြုံမှုရှိစေရေးအတွက် နယ်မြေလုံခြုံရေးအဖွဲ့နှင့် ဌာနဆိုင်ရာတို့မှပူးပေါင်း၍ ယနေ့ဇူလိုင်လ ၂၆ ရက်နေ့ နံနက် ၉:၃၀ နာရီအချိန်ခန့်က ကန်ကြီးထောင့်မြို့အဝင်၊ ကန်ကြီးထောင့်-မာလာကုန်းလမ်းဆုံတွင် မော်တော်ယဉ်များစစ်ဆေးခြင်းနှင့် ယာဥ်စည်းကမ်းလမ်းစည်းကမ်း စစ်ဆေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိဝန်ထမ်းများ၊ ဒုရဲအုပ် အောင်သူထွန်းနှင့်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်အဖွဲ့များပူးပေါင်း၍ မော်တော်ယဉ်များ စစ်ဆေးခြင်းနှင့် ယာဥ်စည်းကမ်းလမ်းစည်းကမ်းစစ်ဆေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။
ကန်ကြီးထောင့်မြို့နယ်အတွင်းနေထိုင်ကြသည့် အများပြည်သူတို့၏ဘဝ အကြမ်းဖက်သမားများဘေးရန်မှကင်းဝေး၍ စိတ်အေးချမ်းသာယာလုံခြုံစွာ နေထိုင်နိုင်စေရေး၊ မှု့ခင်းကြိုတင်ကာကွယ်ရေး၊ ဒုစရိုက်မှုများလျော့နည်းကျ ဆင်းစေရေး၊ တရားဥပဒေစိုးမိုးရေးတို့အတွက် နယ်မြေလုံခြုံရေးဆိုင်ရာလုပ်ငန်းများ၊ မော်တော်ယဉ်များစစ်ဆေးခြင်း နှင့်ဧည့်စာရင်းစစ်ဆေးခြင်းများကို စဉ်ဆက်မပြတ်ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကျော်ဇင် (ပြန်/ဆက်)