တန့်ယန်း ဇူလိုင် ၂၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့နယ် အမှတ်(၁၀)ရပ်ကွက်ရှိ ကိုင်းကုန်းပရိ ယတ္တိစာသင်တိုက်၏ အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက ကျင်းပခဲ့သည်။
ရှေးဦးစွာ အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်၍ နယ်စပ်ဒေသပရိယတ္တိသာသနာပြု ကိုင်းကုန်းပရိယတ္တိဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိ ကဓဇဘဒ္ဒန္တကုသလထံမှ ဧည့်ပရိတ်သတ်အပေါင်းက ငါးပါးသီလ ခံယူဆောက်တည်ကြသည်။
ယင်းနောက် ဘုရားပင့်ဂါထာဖြင့် ပူဇော်ခြင်း၊ ရောင်တော်ဖွင့် ရှစ်လုံးဖွဲ့ကဗျာရွတ်ဖတ်ခြင်း၊ နတ်ဗြဟ္မာများအား ပင့်ဖိတ်ခြင်း၊ ပဋ္ဌာန်းအမွှန်း ဂါထာတော်ရွတ်ဆိုခြင်းနှင့် ပဌာန်းဒေသနာတော်များအား ရွတ်ဖတ်ပူဇော်ခြင်းတို့ကို အစီအစဉ်တိုင်း ကျင်းပကြ၍ ဇူလိုင်လ ၂၇ ရက်နေ့ထိ သုံးရက် ရွတ်ဖတ် ပူဇော်မည်ဖြစ်သည်။
အဆိုပါ အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲသို့ ဆရာတော် သံဃာတော် အရှင်သူမြတ်များ၊ နယ်မြေခံတပ်နယ်မှ ဗိုလ်မှူးကြီး တင့်နိုင်ထွန်းနှင့် တပ်နယ်အသီးသီးမှ အရာရှိကြီးများ၊ ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်လွင်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ဝေလွင်ထွန်းနှင့် တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့် အဖွဲ့ဝင်များ၊ ခရိုင်နှင့် မြို့နယ်တို့မှ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ၊ ဝတ်အသင်းအဖွဲ့များ၊ စေတနာရှင်ပြည်သူများ တက်ရောက်ကြကြောင်း သိရသည်။
မင်းလွင်ဦး(ပြန်/ဆက်)