ကန့်ဘလူ ဇူလိုင် ၂၆
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့တွင် ရပ်ကွက်နေပြည်သူများအား အခြေခံစားသောက်ကုန် များကို စျေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှု၊ မြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့၏ စီစဥ်ဆောင်ရွက်မှုဖြင့် ဇူလိုင် ၂၆ ရက်နံနက် ၇ နာရီက စည်ပင်သာယာခန်းမ၌ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ရောင်းချပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆန်းလင်းအောင်နှင့် မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများ၏ ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့ ဝင်များနှင့်ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ဝိုင်းဝန်းကူညီကာ ရောင်းချပေးလျက်ရှိသည်။
အခြေခံစားသောက်ကုန်များ ရောင်းချရာတွင် ဆန်တစ်ပြည်၊ ဆီ ၅ ကျပ်သားနှင့်ကြက်ဥ ၂ လုံး စသည့်ပစ္စည်းအမယ် သုံးမျိုးတို့ကို ငွေကျပ် ၃၀၀၀ နှုန်းဖြင့် ရောင်းချပေးခြင်းဖြစ်ပြီး အပတ်စဥ် ရောင်းချပေးခြင်းဖြစ်ကြောင်း သိရသည်။
အောင်ဝင်းငြိမ်း (ကန့်ဘလူ)