တန့်ယန်း ဇူလိုင် ၂၆
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ထူးချွန်ထက်မြက်သော လူငယ်အားကစားသမား ကောင်းများပေါ်ထွန်းလာစေရန်နှင့် ဘောလုံးအားကစား အဆင့်အတန်း တိုးတက်မြင့်မားလာစေရန် အတွက်ရည်ရွယ်ကာ ၂၀၂၃-ခုနှစ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား မိုးရာသီ (အမျိုးသား) ဘောလုံးပြိုင်ပွဲကို ဇူလိုင်လ ၂၆ ရက်နေ့မှ စတင်၍ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဘောလုံးပြိုင်ပွဲတွင် ရပ်ကွက်/ကျေးရွာနှင့် ကလပ်အသင်းများ ကိုယ်စားပြု၍ ပါဝင်ယှဉ်ပြိုင် ရန် အသင်း ၁၃ သင်းရှိပြီး အုပ်စု (၄)အုပ်စု ခွဲကာ အုပ်စုပွဲစဉ်များကို သြဂုတ်လ ၅ ရက်နေထိ ကျင်းပမည်ဖြစ်ပြီး ဆီမီးဖိုင်နယ်ပွဲစဉ်များကို သြဂုတ်လ ၇ ရက်နေ့တွင်လည်းကောင်း ဗိုလ်လုပွဲစဉ်ကို သြဂုတ်လ ၉ ရက်နေ့တွင် လည်းကောင်း ပြိုင်ပွဲစည်းကမ်း သတ်မှတ်ချက်နှင့်အညီ ကျင်းပသွားမည် ဖြစ်ကြောင်း မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန ဦးစီးအရာရှိထံမှ သိရသည်။
မင်းလွင်ဦး(ပြန်/ဆက်)