အခြေခံပညာကျောင်းများသို့ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲများ ကွင်းဆင်းဆောင်ရွက်

ပန်းတောင်း ဇူလိုင် ၂၈

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနတို့ပူးပေါင်းကာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းကအ.ထ.က (ရှားဖြူကွင်း) ကျောင်းတွင် အသိပညာပေးဟောပြောခဲ့သည်။

အဆိုပါ အသိပညာပေးဟောပြောမှုအစီအစဉ်တွင် အ.ထ.က (ရှားဖြူကွင်း) ကျောင်းမှ ကျောင်းသားကျောင်းသူများအား မြို့နယ်သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မေခိုင်ဆက်က သဘာဝဘေးအန္တရာယ်မကျရောက်မီ ကြိုတင်ပြင်ဆင်မှုများ၊ သဘာဝဘေးအန္တရာယ်ကျရောက်လာပါက မည်သို့နေထိုင်ပြုမူစားသောက်ရမည်ကိုလည်းကောင်း၊ သဘာဝဘေးအန္တရာယ်ကျရောက်ပြီးပါက မည်သို့ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရမည်ကို အသေးစိတ်ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဒုတိယဦးစီးအရာရှိ ဒေါ်နှင်းနုနွယ်က ကျောင်းသား/သူ များအား ကျောင်းဖွင့်စမှ စ၍ကျောင်းစာများကိုတစ်နေ့စာတစ်နေ့ ပုံမှန်ကျက်မှတ်သွားကြရန်၊ ဆရာ ဆရာမများ၏ဆိုဆုံးမမှုများကို လေးစားလိုက်နာဆောင်ရွက်ကြရန်၊ ပြင်ပဗဟုသုများရရှိရန်အတွက်လည်း ကျောင်းပိတ်ရက်များတွင် စာကြည့်တိုက်မှစာအုပ်များ သွားရောက်ဖတ်ရှုကြရန်နှင့် ကျောင်းသား၊ ကျောင်းသူများ သိသင့်သိထိုက်သည့် ဗဟုသုတအကြောင်းအရာများကို ဗဟုသုတဖြစ်ဖွယ် အသိပညာပေးဟောပြောခဲ့ကြကြောင်း သိရသည်။

လပြည့်လင်း(ပြန်/ ဆက်)