ကေ့ာကရိတ် ဇူလိုင် ၂၈
ကရင်ပြည်နယ် ကေ့ာကရိတ်မြို့၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် မြို့ပေါ်ရပ်ကွက်/ကျေးရွာများအတွင်းရှိ ကလေးငယ်များအား မွေးစမှ အသက်(၂)နှစ်ထိ ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို ယနေ့နံနက် ၈ နာရီမှ စတင်၍ ( ၁၁)နာရီအထိ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ပုံမှန်ကာကွယ်ဆေး ထိုးနှံ/တိုက်ကျွေးခြင်းများ ဆောင်ရွက်ရာတွင် အပါတ်စဥ် သောကြာနေ့တွင် မွေးစမှ အသက်(၂) နှစ်ထိ ကလေးများအား ဂျပန်ဦးနှောက်ရောင်၊ဘီစီဂျီ၊ ပိုလီယို၊ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ(ဘီ) - ဦးနှောက်အမြှေးရောင် (ငါးမျိုးစပ်ကာကွယ်ဆေး)၊ ပိုလီယိုကာကွယ်ဆေး ထိုးဆေး၊ ပြင်းထန်အဆုတ်ရောင် (ပီစီဗီ) ၊ဝက်သက် -ဂျိုက်သိုးစသည့် ကာကွယ်ဆေးများကို မွေးစမှ အသက် (၂)နှစ်အထိ ကလေးငယ်များအား သတ်မှတ်ဆေးထိုးရက်များအလိုက် ကျန်းမာရေးဝန်ထမ်းများက အကြိမ်ရေအလိုက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ခင်မျိုးဝင်း(ပြန်/ဆက်)