တံတားဦး ဇူလိုင် ၂၈
တံတားဦးခရိုင် တံတားဦးမြို့နယ် သူငယ်တော်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)မှ ဆရာ/မများနှင့် ကျောင်းသား/သူများမှ ဆရာတော် သံဃာတော်များထံသို့ ဝါဆိုသင်္ကန်းနှင့် ဝါဆိုပန်းများ ဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက်(၁၀)နာရီက အဆိုပါကျောင်း ကျွန်းရွှေဝါအဆောင်၌ ကျင်းပကြောင်း သိရသည်။
ဝါဆိုသင်္ကန်းနှင့် ဝါဆိုပန်းများ လှူဒါန်းပွဲတွင် တံတားဦးမြို့နယ် အခြေခံပညာအထက်တန်းကျောင်း (ခွဲ) ကျေင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်သန်းနှင့် ဆရာ/မများ ၊ ကျောင်းသား.သူများက သူငယ်တော်ကျေးရွာ ရေလည်ပရိယတ္တိစာသင်တိုက် ဦးစီးပဓာနဆရာတော် ဘဒ္ဒန္တ ဝိလာသ၏ တပည့် ဘဒ္ဒန္တ ဇဝနထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ပင့်သံဃာ(၈)ပါးအား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းကြသည်။ ထို့နောက်ဆရာတော် သံဃာတော်များက မေတ္တာသုတ်အစရှိသော ပရိတ်တရားတော်များချီးမြှင့်ပေးကြပြီး ဘဒ္ဒန္တဇဝနမှ တရားရေအေးတိုက်ကျွေးပေးကာ လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်ချ အမျှပေးဝေ၍ ဆရာတော်သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။
သူငယ်တော်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)မှ ဆရာ၊ဆရာမများနှင့် ၊ ကျောင်းသား ၊ ကျောင်းသူများက ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ စုစုပေါင်းတန်ဘိုးငွေကျပ် (၁၂)သိန်း ကျော်ကို ဆရာတော်သံဃာတော်များအား ဆက်ကပ်လှူဒါန်းနိုင်ပါကြောင်း၊ ဒါ့အပြင် သူငယ်တော်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်(ခွဲ)မှ ဆရာ/မများ၊ ကျောင်းသား/သူများအား ဆရာတော် သံဃာတော်များ ဝါဆိုသင်္ကန်းနှင့် ဝါဆိုပန်းများ နှစ်စဉ်နှစ်တိုင်း လှူဒါန်းနိုင်ရေး ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်သန်းထံမှ သိရသည်။
ရဲတင့်( ပြန်/ဆက်)