ရခိုင်ပြည်နယ်၊ မောင်တောခရိုင်အတွင်းရှိ အခြေခံပညာကျောင်းများတွင် လစ်လပ်လျက်ရှိသည့် ရာထူးနေရာများအတွက် အရည်အချင်းစစ်စာမေးပွဲနှင့် နုတ်ဖြေစာမေးပွဲပြုလုပ်မည်

မောင်တော ဇူလိုင် ၂၈

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်အတွင်းရှိ အခြေခံပညာကျောင်းများတွင် လစ်လပ်လျက်ရှိသည့် ရာထူးနေရာများအတွက် အရည်အချင်းစစ်စာမေးပွဲနှင့် နုတ်ဖြေစာမေးပွဲကို ဇူလိုင် ၂၉ ရက်နေ့မှ ၃၁ ရက်နေ့အထိ စာစစ်ဌာန ၂ တွင် စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါစာမေးပွဲကို သတ်မှတ်အရည်အချင်းနှင့်ကိုက်ညီသည့်သူများအား အခြေခံပညာကျောင်းများတွင် လစ်လပ်လျက်ရှိသည့် အငယ်တန်းစာရေး၊ ရုံးအကူ၊  သန့်ရှင်းရေးအကူ၊ အစောင့်၊ လုပ်သား(ရေ၊မီး)ရာထူးနေရာများအတွက် ရေးဖြေစာမေးပွဲကို  ဇူလိုင် ၂၉ ရက်နေ ၃၁ ရက်နေ့အထိ နံနက်၉ နာရီမှ စတင်ကာ ပြုလုပ်ဆောင်ရွက်မည်ဖြစ်ရာ  ရုံးအကူ ရာထူးလျောက်ထားသူများအနေဖြင့် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင်လည်းကောင်း၊ အငယ်တန်းစာရေး သန့်ရှင်းရေးအကူ၊ အစောင့်၊ လုပ်သား(ရေ၊မီး) ရာထူးနေရာများအတွက် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း များတွင် စစ်ဆေးဆောင်ရွက်မည်ဖြစ်ရာ ရာထူးနေရာများအလိုက် ရေးဖြေစာမေးပွဲလာရောက် ဖြေဆိုမည်သူများအနေဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား(မူရင်း)၊ နုတ်ဖြေစာမေးပွဲလာရောက် ဖြေဆိုမည် သူများအနေဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား(မူရင်း)၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်လက်မှတ်(မူရင်း)၊ ဘွဲ့ရလက်မှတ်(မူရင်း)၊ အလုပ်သမားမှတ်ပုံတင် ကတ်ပြား(မူရင်း)၊ အဋ္ဌမတန်းအောင်ကြောင်း ထောက်ခံစာ(မိတ္တူ)တို့အား တစ်ပါတည်းယူဆောင်လာရမည့်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

သက်လွင်စိုး၊ အောင်ကျော်စိန်