မောက်မယ် ဇွန် ၂၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်တွင် လူဝင်ကြီးကြပ်ရေးနှင့် ပြည့်သူ့အင်အား ဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ “e-ID စနစ်ဖြင့် လူမှုစီးပွားဘဝ အဆင့်အတန်းမြင့်မားအောင် ဆောင်ရွက်ကြစို့ ” ဆောင်ပုဒ်နှင့်အညီ ရပ်ကွက်အတွင်းရှိပြည်သူများအား ဇီဝဆိုင်ရာ အချက်အလက် Biometric Data ကောက်ယူခြင်းလုပ်ငန်းစဉ်များကို ဆောင်ရွက်ပေးလျက်ရှိသည်။
လူဝင်ကြီးကြပ်ရေးနှင့် ပြည့်သူ့အင်အားဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်းနေထိုင်သူ အသက် (၁၀)နှစ်နှင့် အထက် နိုင်ငံသားတို့၏ Biometric Data အချက်အလက်များကောက်ယူ၍ Database တွင် သိမ်းဆည်းပြီး ဂဏန်း(၁၀)လုံးပါဝင်သည့် Unique IDနံပါတ်သတ်မှတ်၍ မှတ်ပုံတင်ထုတ်ပေးနိုင်ရေးကို လူဝင်ကြီးကြပ်ရေးနှင့် ပြည့်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးငွေထွန်း၏ ကြီးကြပ်မှုဖြင့် ကွင်းဆင်း ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းမိသားစုဝင်များ၊ (၁၀)နှစ်အထက် ကျောင်းသား/ ကျောင်းသူများ၊ မြို့ပေါ်ရပ်ကွက်များနှင့်ကျေးရွာများရှိပြည်သူများ စုစုပေါင်း(၁၇၅၀)ဦးအား ဇွန်လ(၂၀)ရက်နေ့မှ ဇူလိုင်(၂၈)ရက်နေ့အထိ Biometric Data အချက်အလက် ကောက်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်ပေး လျက်ရှိပြီး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လူဝင်ကြီးကြပ်ရေးနှင့် ပြည့်သူ့အင်အား ဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)