မိုင်းယောင်းမြို့နယ် ဗလမင်းထင်ခန်းမ၌ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

မိုင်းယောင်း ဇူလိုင် ၂၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဗလမင်းထင်ခန်းမ၌ ယမန်နေ့နံနက် ၁၁ နာရီက ရွာပျက်များအားပယ်ဖျက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကိုကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေက အမှာစကားပြောကြားသည်။

ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်၏ စီမံကြီးကြပ်မှုဖြင့် ယခင်ကအကြောင်းအမျိုးမျိုးကြောင့် ပျက်စီးသွားခဲ့သော မြို့နယ်အတွင်းရှိ ရွာပျက်များအား ပယ်ဖျက်နိုင်ရေးအတွက် မြေတိုင်းစာရေးများ၊ ရပ်/ကျေးစာရေးများနှင့် ဆွေးနွေးခဲ့ကြပြီး လိုအပ်သည်များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း