မုဒုံမြို့ရှိ ကျေးရွာခြောက်ရွာတွင် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP) ထုတ်ချေး ပြီးစီး

မုဒုံ ဇူလိုင် ၂၈

မွန်ပြည်နယ် မုဒုံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP) ရန်ပုံငွေများ ထုတ်ချေးပေးခြင်းကို ယမန်နေ့က ရောင်းဒေါင်းနှင့် သာယာကုန်းကျေးရွာတို့တွင် ဆောင်ရွက်ပေးခဲ့သည်။

နိုင်ငံတော်၏ ကိုဗစ် - ၁၉ စီးပွားရေးကုစားမှုအစီအစဥ်ကို အထောက်အကူပြုစေရန်၊ လုပ်ကွက်ငယ်တောင်သူများ စိုက်ပျိုးမွေးမြူရေးထုတ်လုပ်သူများနှင့် အသေးစားစီးပွားရေး လုပ်ကိုင်လိုသူများအတွက် လိုအပ်သောငွေကြေးအရင်းအနှီးများရရှိစေပြီး မိသားစုဝင်ငွေတိုးပွားလာအောင် လုပ်ငန်းများဆောင်ရွက်နိုင်စေရန်၊ တိုးပွားလာသော ရန်ပုံငွေများဖြင့် ကျေးရွာများပိုင်ဆိုင်သည့်  မတည်ရန်ပုံငွေထူထောင်ကာ စဥ်ဆက်မပြတ် ငွေကြေးအရင်းအနှီးများ ရရှိစေရန်အတွက် ထုတ်ချေးပေးရခြင်းဖြစ်ကြောင်း မုဒုံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိဝတ်ရည်မွန်က ပြောသည်။

၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP)ကို မြို့နယ်အတွင်းရှိ တောင်ပ၊ကွေ့ဝမ်း၊ကော့ခပုံ(ရွာသစ်)၊ ကွမ်တာ(ရွာဟောင်း)၊ ရောင်းဒေါင်း၊ သာယာကုန်း ကျေးရွာခြောက်ရွာအတွင်းရှိ စိုက်ပျိုးရေး၊ မွေးမြူရေး၊ အရောင်း အဝယ်၊ အသက်မွေးဝမ်းကျောင်း လုပ်ကိုင်သူဦးရေ (၃၂၃) ဦးအတွက် စုစုပေါင်း ချေးငွေကျပ် (၁၉၉၇) သိန်းကို စနစ်တကျထုတ်ပေးခဲ့ကြောင်း သိရသည်။

သားငယ် (ပြန်/ ဆက်)