ဇမ္ဗူသီရိ ဇူလိုင် ၂၈
ဇမ္ဗူသီရိမြို့နယ် စာရေးဆရာအသင်း ဖွဲ့စည်းခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဇမ္ဗူသီရိမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်က အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီအတွင်းရေးမှူး၊ မြန်မာနိုင်ငံစာရေးဆရာအသင်းအဖွဲ့ဝင် ဦးအောင်ပြည့်စုံက ဇမ္ဗူသီရိမြို့နယ် စာရေးဆရာအသင်းဖွဲ့စည်းရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။
ယင်းနောက် ဇမ္ဗူသီရိမြို့နယ် စာရေးဆရာအသင်းဖွဲ့စည်းနိုင်ရေး အဆိုပြုခြင်းကို အတည်ပြုထားသည့် ဇမ္ဗူသီရိမြို့နယ် စာရေးဆရာအသင်းဝင်များ၏ အမည်စာရင်းအား ကြေညာခဲ့ကြောင်း သိရှိရသည်။
ဟိန်းသူအောင် (ပြန်/ဆက်)