ပုဗ္ဗသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ သန့်ရှင်းသာယာလှပစေရေး စုပေါင်းသန့် ရှင်းရေးဆောင်ရွက်

ပုဗ္ဗသီရိ ဇူလိုင် ၂၈

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအတွင်း သန့်ရှင်းသာယာလှပစေရေး စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းကို မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ ဦးဆောင်၍ ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ခြင်းကို ပုဗ္ဗသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိန်ကြည်နှင့် မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနမှဝန်ထမ်းများက ရုံးအတွင်း ပတ်ဝန်းကျင်သန့်ရှင်း သာယာလှပစေရေးအတွက် မြက်ပင်များ ရှင်းလင်းခြင်း၊ သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း၊ ရေမြောင်းအတွင်းမှ အမှိုက်များ ရှင်းလင်းခြင်းတို့ ဆောင်ရွက်ခဲ့သည်။

ထို့အတူ ပုဗ္ဗသီရိမြို့နယ် ကျေးရွာ၊ ရပ်ကွက်များအတွင်းရှိ အများပြည်သူသွားလာလျက်ရှိသည့် လူစည်ကားရာ နေရာများတွင်လည်း အပတ်စဉ် စုပေါင်းသန့်ရှင်းရေးများ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

လှိုင်မြင့်(ပုဗ္ဗသီရိ)