သီပေါမြို့နယ်တွင် စားသုံးသူပြည်သူများ နစ်နာဆုံးရှုံးမှုမရှိစေရေး ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များသို့ ကွင်းဆင်းစစ်ဆေး

သီပေါ ဇူလိုင် ၂၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်အတွင်းရှိ စားသုံးသူပြည်သူများ နစ်နာဆုံးရှုံးမှုမရှိစေရန် ရည်ရွယ်၍ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကျန်းမာရေးဌာန စသည့်ဌာနများမှ တာဝန်ရှိသူများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့သည် ယနေ့နံနက်(၁၀)နာရီက မြို့နယ်အတွင်းရှိ ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များသို့ ရှောင်တခင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာ ကုန်ပစ္စည်းများတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားများ ဖော်ပြပါရှိသော ကုန်ပစ္စည်းများ ရောင်းချခြင်းရှိ/မရှိ၊ သက်တမ်းလွန်ပစ္စည်းများနှင့် စားသုံးရန်မသင့်သော ကုန်ပစ္စည်းများအား ရောင်းချခြင်းရှိ/မရှိ စစ်ဆေးခဲ့ကြောင်းနှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယဦးစီးမှူးဒေါ်လင်းလင်းထွန်းက မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေးကော်မရှင်မှ ညွှန်ကြားထားသော ကုန်အညွှန်းအမှတ်အသား များဖော်ပြပါရှိသော ကုန်ပစ္စည်းများသာဖြန့်ဖြူးရောင်းချစေရေး၊ ကုန်ပစ္စည်းအမျိုးအစားအလိုက် သတ်မှတ်ထားသော ကုန်အညွှန်းအမှတ်အသားများ သိရှိနိုင်စေရေး၊ စားသုံးသူပြည်သူများ၏ ကျန်းမာရေးကို ထိခိုက်စေနိုင်သည့် စားသုံးရန်မသင့်သော ကုန်ပစ္စည်းများအကြောင်းကို အဆိုပါဆိုင်ပိုင်ရှင်များအား အသိပညာပေးရှင်းလင်းပြောကြားခဲ့ကြောင်း မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ သိရသည်။

ခင်လေး(သီပေါ၊ပြန်/ဆက်)