ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ပုသိမ်မြို့ပေါ်ရပ်ကွက်များရှိ ဝါဆိုသင်္ကန်း၊ ဆွမ်းဆန်တော်နှင့် ဆီများ ဘုန်းတော်ကြီးကျောင်းများသို့ ဆက်ကပ်လှူဒါန်း

ပုသိမ် ဇူလိုင် ၂၈

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ လှူဒါန်းသည့် ဝါဆိုသင်္ကန်း၊ ဆွမ်းဆန်တော်နှင့် ဆီများအား ပုသိမ်မြို့နယ်အတွင်း ရပ်ကွက်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆက်ကပ်လှူဒါန်းခြင်းကို ယနေ့ နံနက်ပိုင်းက ပုသိမ်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ပုသိမ်မြို့နယ် စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကိုယ်တိုင်သွားရောက်လှူဒါန်း ဆက်ကပ်ခဲ့ကြကြောင်း သိရ သည်။

ပုသိမ်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလင်းကိုကို၊ ပုသိမ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်ဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာနှင့် မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းဝင်များက ပုသိမ်မြို့ပေါ်ရပ်ကွက်အသီးသီးရှိ ဘုန်းတော်ကြီး ကျောင်း (၂၀၀)ကျောင်းရှိ သံဃာတော် (၁၁၈၈) ပါးအတွက် ဝါဆိုသင်္ကန်း(၁၁၈၈)စုံနှင့် ဆွမ်းဆန်တော်၊ ဆီတို့အားလည်းကောင်း၊ သီလရှင်ကျောင်း (၁)ကျောင်းအတွက် ဝါဆိုသင်္ကန်း၊ ဆွမ်းဆန်တော်၊ ဆီတို့အားလည်းကောင်း၊ ကျောင်းတိုက်အသီးသီးသို့ သွားရောက် ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ထို့အပြင် ဘုန်းတော်ကြီးကျောင်းများ သန့်ရှင်းသာယာ၍ သံဃာတော်များ စိတ်ချမ်းမြေ့စွာ သီတင်း သုံးနိုင်ရေး အတွက် စုပေါင်းသန့်ရှင်းရေး များလည်း ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

မြင့်ဟန်