တန့်ယန်းမြို့နယ်တွင် ရှေးဦးပြုစုခြင်း(အခြေခံ)အဆင့် သင်တန်းဖွင့်လှစ်

တန့်ယန်း ဇူလိုင် ၂၈

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် မြို့နယ်ကြက်ခြေနီအသင်းမှ ကြီးမှူးဖွင့်လှစ်သည့် ရှေးဦးပြုစုခြင်း(အခြေခံ)အဆင့်သင်တန်း သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက အမှတ်(၁)ရပ်ကွက်ရှိ လှဧကရီခန်းမ၌ ကျင်းပသည်။

အဆိုပါ ရှေးဦးပြုစုခြင်း(အခြေခံ)အဆင့် သင်တန်းဖွင့်ပွဲတွင် မြို့နယ်ကြက်ခြေနီအသင်းနာယက မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့တပ်ဖွဲ့မှူး ဦးစိုင်းစန်းလှထွန်းက သင်တန်းဖွင့်လှစ်ရခြင်းအကြောင်း ရှင်းလင်းပြောကြားသည်။

သင်တန်းသို့ မြို့မရပ်ကွက် (၁၀)ရပ်ကွက်မှ သင်တန်းသား သင်တန်းသူ စုစုပေါင်း ၄၀ ဦးတက်ရောက် ကြပြီး သင်တန်းကာလမှာ (၃)ရက်ဖြစ်ကြောင်း သိရသည်။

မင်းလွင်ဦး(ပြန်/ဆက်)