မူဆယ်မြို့၊ အခြေခံပညာရေးကျောင်းများအား First Dose,Second Booster ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး(Sinopharm) ထပ်ဆောင်းထိုးနှံပေးမှု ရာနှုန်းပြည့်နီးပါး ထိုးနှံပြီးစီး

မူဆယ် ဇူလိုင် ၂၈

၂၀၂၃ခုနှစ်အတွင်း ကိုဗစ်-၁၉ရောဂါပြန့်ပွားမှုကို ကောင်းစွာထိန်းချုပ်နိုင်ခဲ့ပြီး ဆက်လက်ပြန့် ပွားမှုမရှိစေရေးအတွက် ကျန်းမာရေးဌာနများအနေဖြင့် ကာကွယ်ဆေးများကို အမြို့မြို့အနယ်နယ်၌ ဆက်လက်ထိုးနှံပေးလျက်ရှိရာ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့တွင် ဒေသခံပြည်သူများကို ဆက်လက် ထိုးနှံပေးခဲ့ပြီး မြို့နယ်အတွင်းရှိ မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းအခြေခံပညာရေးကျောင်းများအပြင် ပုဂ္ဂလိကကိုယ်ပိုင်ကျောင်းများရှိ ကျောင်းသား/သူများအား First Dose,Second Boosterကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး(Sinopharm) ထပ်ဆောင်းထိုးနှံပေးမှု ရာနှုန်းပြည့်နီးပါး ထိုးနှံပြီးစီးသွားပြီဖြစ်ကြောင်း သိရသည်။
အဆိုပါကာကွယ်ဆေးထိုးနှံပေးရာတွင် မူဆယ်မြို့နယ်၊ကျန်းမာရေးဌာနမှ တာဝန်ရှိသူနာပြု ဆရာမများကို အုပ်စုခွဲကာ မြို့နယ်အတွင်းရှိ အခြေခံပညာရေးကျောင်းများရှိ ကျောင်းသား/သူများကို ဇွန်လ(၆)ရက်နေ့မှစ၍ စတင်လိုက်လံထိုးနှံပေးခဲ့ပြီး First Dose ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံရာတွင်  အသက်(၅)နှစ်ပြည့် KGကျောင်းသား/သူ(၃၈၅)ဦးနှင့် အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်း ကျောင်းသား/သူ(၂၃၂၂)ဦး ထိုးနှံပြီးစီးခဲ့ပြီးဖြစ်သည်။ ထို့အတူ Second Booster ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး(Sinopharm) ထပ်ဆောင်းထိုးနှံပေးရာတွင် အသက်(၁၂)နှစ်မှ (၁၈)နှစ်အတွင်း ကျောင်းသား/သူ(၂၅၄၅)ဦး ထိုးနှံပြီးစီးခဲ့ကြောင်း သိရှိရသည်။
First Dose,Second Boosterကိုဗစ်-၁၉ရောဂါကာကွယ်ဆေး(Sinopharm) ထပ်ဆောင်းထိုးနှံပေးရာတွင် မူဆယ်မြို့နယ်အတွင်းရှိ အခြေခံပညာရေးကျောင်းများရှိ ကျောင်းသား/သူ စုစုပေါင်း(၅၂၅၂)ဦး ထိုးနှံပြီးစီးပြီးဖြစ်ပြီး ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး(Sinopharm)ကို ဆေးသက်တမ်းမကုန်ဆုံးမှီ စက်တင်ဘာလ(၂၁)ရက်နေ့အပြီး ထိုးနှံသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

မူဆယ်ခရိုင်(ပြန်/ဆက်)