ဟင်္သာတ ဇူလိုင် ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ် ပြည်သူ့အားကစားပြိုင်ကွင်း၌ ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)၏ ၂၀၂၃ ခုနှစ်၊ မိုးရာသီဘောလုံးအားကစားပြိုင်ပွဲ ပိတ်ပွဲအခမ်းအနားနှင့်ဆုပေးပွဲကို ယမန်နေ့ ညနေ ၅ နာရီက အဆိုပါနေရာတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားသို့ ကွန်ပျူတာ တက္ကသိုလ်(ဟင်္သာတ) ကျောင်းအုပ်ကြီး ဒုတိယပါမောက္ခချုပ် ဒေါက်တာ ထွန်းမြတ်အောင်နှင့် ပါမောက္ခဌာနမှူးများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ၊ ပြိုင်ပွဲဝင်အ သင်းသားများ စုစုပေါင်းအင်အား(၂၅၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် ကွန်ပျူတာ တက္ကသိုလ် (ဟင်္သာတ)မှ ကျောင်းသူလေးများက ပန်းပွားအကများဖြင့် ကပြဖျော်ဖြေခဲ့ကြပြီးဒုတိယပါမောက္ခချုပ် ဆရာကြီး ဒေါက်တာ ထွန်းမြတ်အောင်မှ ကျင်းပရေးကော်မတီများ၊ ဝိုင်းဝန်းကူညီဆောင်ရွက် ပေးခဲ့ကြသော အားကစားနှင့် လူငယ်ရေးရာဌာနမှ တာဝန်ရှိသူများ၊ ဒိုင်အဖွဲ့ဝင်များ၊ ပွဲစဥ်တလျောက်လုံးတွင် ထိခိုက်ဒဏ်ရာ ရရှိသူများအားလိုအပ်သော ကူညီစောင့်ရှောက်မူများပေးခဲ့ကြသော ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ ပြိုင်ပွဲတွင် အားကစားစိတ်ဓာတ်အပြည့်ဖြင့် ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြသော အသင်းသားများအား လှိုက်လှဲစွာကျေးဇူးတင်ရှိပါကြောင်း ကျေးဇူးတင်အမှာစကား ပြောကြား ခဲ့ပြီး ကွန်ပျူတာတက္ကသိုလ် (ဟင်္သာတ)၏ ၂၀၂၃ ခုနှစ်၊ မိုးရာသီဘောလုံးအားကစားပြိုင်ပွဲတွင် ဒိုင်အ ဖြစ်ဆောင်ရွက်ပေးခဲ့ကြသူများအား အမှတ်တရလက်ဆောင်များ ပေးအပ်ချီးမြှင်ခြင်း၊ ပြိုင်ပွဲဝင်အ သင်း(၄)သင်းမှ ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုရရှိသော အသင်းများအား ဒုတိယပါမောက္ခချုပ် ဒေါက်တာထွန်းမြတ်အောင်နှင့် တာဝန်ရှိသူများမှ ဆုများအသီးသီး ချီးမြှင့်ခြင်း၊ ရှေ့တန်း၊အလယ်တန်း၊ နောက်တန်းနှင့် ဂိုးသမားတစ်ဦးချင်းအကောင်းဆုံးဆု ရရှိသူများအား သက်ဆိုင်ရာ ပါမောက္ခ ဌာနမှူးများမှ ဆုတံဆိပ်နှင့်ငွေသားဆုများ အသီးသီး ချီးမြှင့်ခြင်းများ ပြုလုပ်ခဲ့ပြီး တံခွန်စိုက် ဆုဖလားရရှိခဲ့သော အဝါရောင်အသင်းအား ဒေါက်တာ ထွန်းမြတ်အောင်က ဆုဖလားနှင့်ငွေသားဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်ဆက်(ဟင်္သာတ)