မုဒုံမြို့၌ ဓာတ်မြေသြဇာနှင့် သဘာဝမြေသြဇာထည့်သွင်းခြင်း ကွင်းသရုပ်ပြပွဲသို့ မွန်ပြည်နယ် ဝန်ကြီးချုပ်တက်ရောက်

မုဒုံ   ဇူလိုင်  ၂၉

မွန်ပြည်နယ် မုဒုံမြို့နယ်၏ မိုးစပါးဘက်စုံအဆင့်မြင့် နည်းပညာသုံးစံပြစိုက်ခင်းတွင် ဓာတ်မြေသြဇာနှင့်သဘာဝမြေသြဇာ အချိန်ကိုက်အချိုးကျထည့်သွင်းခြင်း ကွင်းသရုပ်ပြပွဲကို ယနေ့နံနက်ပိုင်းက ဘဲရမ်းကျေးရွာရှိ စံပြစိုက်ခင်း၌ ကျင်းပရာမွန်ပြည် နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်စိုးမင်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊တာဝန်ရှိသူများတက်ရောက်သည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အတွင်း စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုး တက်စေရန်အတွက် သီးနှံအထွက်နှုန်းများ တိုးတက်ထုတ်လုပ်ရုံသာမက အရည်အသွေးကောင်းမွန်သော ထုတ်ကုန်များထုတ်လုပ်ပြီ တောင်သူများဝင်ငွေတိုးစေရန် အတွက် အဖက်ဖက်မှ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊  နိုင်ငံသူနိုင်ငံသားများ စားနပ်ရိက္ခာဖူလုံစေရန်အတွက် ဆန်စပါးထုတ်လုပ်မှု တိုးတက်မြင့်မားအောင် ဆောင်ရွက်သည့်နေရာတွင် တောင်သူများမှလည်း အင်တိုက်အားတိုက် ကြိုးစားဆောင်ရွက်ခြင်းဖြင့် နိုင်ငံတော်အတွက်အကျိုးပြု သလို တောင်သူများ၏ လူမှုစီးပွားဘဝလည်း မြင့်မားလာမည်ဖြစ်ကြောင်း အမှာစကားပြောကြားခဲ့သည်။  ထို့နောက်  စိုက်ပျိုးရေးဦးစီး ဌာနမှ မြို့နယ်ဦးစီးမှူး ဦးငြိမ်ချမ်းကျော်က  ၂၀၂၃ -၂၀၂၄ ခုနှစ် မိုးစပါး ဘက်စုံနည်ပညာသုံး စံပြစိုက်ခင်းနှင့်ပက်သက်၍ ရှင်းလင်း တင်ပြခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်မှ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်စိုးမင်း နှင့် တာဝန်ရှိသူများက  တက်ရောက်လာသော တောင်သူများအား ရွှေဇီဝသဘာဝမြေဩဇာများ ထောက်ပံ့ပေးအပ်ခဲ့ပြီး စံပြစိုက်ကွက်အတွင်း ဓာတ်မြေသြဇာနှင့် သဘာဝမြေသြဇာ ထည့်သွင်းခြင်းနှင့် မိုးစပါးစိုက်ပျိုးထားရှိမှု အခြေအနေများကို လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)