နတ်မောက်မြို့နယ် မြို့မဈေးကြီးအတွင်း (အမဲ၊ ဝက်၊ ဆိတ်) အသားများအား သတ်မှတ်ဈေးနှုန်း အတိုင်း ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

နတ်မောက် ဇူလိုင် ၂၉

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့အနေဖြင့် စားသုံးသူ ပြည်သူများဈေးနှုန်း သက်သာစွာ ဝယ်ယူစားသုံးနိုင်ရေးအတွက် မြို့မဈေးကြီးအတွင်း (အမဲ၊ ဝက်၊ ဆိတ်) အသားများအား သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချခြင်း ရှိ/မရှိကို ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကွင်းဆင်းစစ်ဆေးခဲ့ရာသို့ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဦးစီးအရာရှိနှင့်ဝန်ထမ်းများ၊ ဈေးတာဝန်ခံနှင့် အဖွဲ့ဝင်များမှ ကြည့်ရှုခဲ့ကြရာ မြို့မဈေးအတွင်းရှိ အသားဆိုင်များ၌ လက်ရှိမြေပြင်တွင် ရောင်းချလျက်ရှိသော (အမဲ၊ ဝက်၊ ဆိတ်)အသားများ၏ ဈေးနှုန်းများအား အမဲသား တစ်ပိဿာ (၁၂၀၀၀)ကျပ်၊ ဝက်သား တစ်ပိဿာ(၁၂၀၀၀)ကျပ်၊ ဆိတ်သား တစ်ပိဿာ (၁၆၀၀၀) ကျပ် အသားရောင်းဆိုင်များတွင် ဗီနိုင်းဆိုင်းဘုတ်ဖြင့် ချိတ်ဆွဲ၍ သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချခြင်း ရှိ/မရှိ စစ်ဆေးခဲ့ကြကြောင်း သိရသည်။

လှဝင်း