တန့်ယန်းမြို့၊ ကိုင်းကုန်းပရိယတ္တိစာသင်တိုက် ဦးစီးပဓာန နာယကဆရာတော်၏ ဝိဇာတမင်္ဂလာကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့နယ် အမှတ်(၁၀)ရပ်ကွက်ရှိ ကိုင်းကုန်းပရိယတ္တိ စာသင်တိုက်ဦးစီးပဓာန နာယကဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တကုသလ၏ (၅၉)နှစ်ပြည့် ဝိဇာတမွေးနေ့မင်္ဂလာအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်သည်။

ကယားပြည်နယ် အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ပြည်နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများနှင့် ဘုရားစေတီပုထိုးများ၌ စုပေါင်းသန့်ရှင်းရေး ပြုလုပ်

ကယားပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ပြည်နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများနှင့် ဘုရားစေတီပုထိုးများတွင် ဝါဆိုလအတွင်း သံဃာတော်များ စိတ်နှလုံး ချမ်းမြေ့စွာ သီတင်း သုံးနိုင်ရေးနှင့် ပြည်သူများ စိတ်ကြည်လင်အေးချမ်းစွာ လာရောက်ကုသိုလ်ပြုနိုင်ရေး တို့အတွက် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို ယမန်နေ့ နံနက်ပိုင်းက ပြုလုပ် ဆောင်ရွက်ခဲ့ ကြသည်။

(၂၅)ကြိမ်မြောက် စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကျင်းပ

သံတွဲခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပသည့် ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ စေတနာရှင်အလှူရှင်များ စုပေါင်းလှူဒါန်းသည့် (၂၅)ကြိမ်မြောက် စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို ယမန်နေ့နံနက် ၉ နာရီက ဒွါရာဝတီမြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်သည်။

ရခိုင်ပြည်နယ် မောင်တောမြို့၌ ပန်းခင်းစုံငွေစုငွေချေး သမဝါယမအသင်းလီမိတက်၏ အရပ်ရပ်ဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ ပညာရေးဌာန၊ ပန်းခင်းစုံ ငွေစုငွေချေး သမဝါယမအသင်းလီမိတက်၏ အရပ်ရပ်ဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နေ့လယ် ၁ နာရီအချိန် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ပြုလုပ်ခဲ့သည်။

မော်လမြိုင်ခရိုင်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများ၌ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်း၍ စုပေါင်းသန်းရှင်းရေး ပူးပေါင်းဆောင်ရွက်

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်အတွင်းရှိ မြို့နယ်များတွင် ဝါဆိုဝါကပ်တော်မူကြမည့် ဆရာတော် သံဃာတော်များ စိတ်အေးချမ်းသာစွာ သီတင်းသုံးနေထိုင်ရေးအတွက် ယမန်နေ့ နံနက်ပိုင်း တွင် မော်လမြိုင်ခရိုင် အတွင်းရှိ ဘုန်းတော်ကြီးကျောင်းတိုက် အသီးသီးတို့၌ တပ်မတော် သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ ပူးပေါင်းကာ စုပေါင်းသန့်ရှင်းရေးကို လိုက်လံ ဆောင်ရွက်ခဲ့ကြသည်။

ပူတာအိုမြို့ တောင်တန်းသာသနာပြုဗဟိုကျောင်းတိုက်၌ ခရိုင်/မြို့နယ်ဌာနဆိုင်ရာ စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်း

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့မှကြီးမှူး၍ ခရိုင်/မြို့နယ်ဌာနဆိုင်ရာစုပေါင်းဝါဆို သင်္ကန်းဆက်ကပ်လှူဒါန်းပွဲနှင့် ရေစက်ချတရားနာအခမ်းအနားကို ဇူလိုင်(၂၉)ရက် နံနက်(၉)နာရီခွဲက ပူတာအိုမြို့မြို့မရပ်ကွက်ရှိ တောင်တန်းသာသနာပြု ဗဟိုကျောင်းတိုက်၌ ကျင်းပပြုလုပ်သည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုလှည့်လည်ကြည့်ရှု ပြန်လည်ထူထောင်ရေး ချစ်ကြည်ရေးဘောလုံးပြိုင်ပွဲကြည့်ရှုအားပေး

ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ဒုတိယဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက စစ်တွေမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများ သန့်ရှင်းသာယာလှပရေး အတွက် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုအား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး မိုခါမုန်တိုင်းအလွန် ပြန်လည်ထူထောင်ရေး ချစ်ကြည်ရေးဘောလုံးပြိုင်ပွဲသို့ တက်ရောက်ကြည့်ရှုအားပေးသည်။

ဗိုလ်တထောင်မြို့နယ်တွင် နယ်လှည့်စာကြည့်တိုက်ဖွင့်ခြင်းနှင့် နယ်လှည့်တိုင်းရင်းဆေး ကုသခြင်း ကွင်းဆင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်တိုင်းရင်းဆေးကု ဌာနတို့ ပူးပေါင်းပြီး နယ်လှည့်စာကြည့်တိုက် ဖွင့်ခြင်းနှင့် နယ်လှည့်အခမဲ့ ဆေးကုသခြင်းလုပ်ငန်းကို ဇူလိုင်လ ၂၈ ရက်နေ့ နေ့လယ် ၁ နာရီ အချိန်က ပညာရာမိက မဟာကျောင်းတိုက်သို့ သွားရောက်ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မိုးညှင်းမြို့စာတိုက်ရုံးပေါ်သို့ ညောင်ပင်သစ်ကိုင်းဆက်ကျိုးကျ၍ တာဝန်ရှိသူများမှ ခုတ်ထွင်ရှင်းလင်း

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့တွင် ယမန်နေ့နံနက် (၇)နာရီခွဲက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် စာတိုက်ရုံးဝင်းအတွင်းရှိ ညောင်ပင်သစ်ကိုင်းဆက် ရုံးပေါ်သို့ကျိုးကျခဲ့သဖြင့် တာဝန်ရှိသူများမှ သွားရောက်၍ ခုတ်ထွင်ရှင်းလင်းခဲ့ကြကြောင်း သိရသည်။

မြောက်ဦးမြို့နယ် မြောင်းဘွေကျေးရွာနှင့် ပီပင်ရင်းကျေးရွာတို့တွင် စူပါဘိုကာရှီပြုလုပ်နည်းသရုပ်ပြပွဲ အခမ်းအနားကျင်းပ

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက ဦးဆောင်ကျင်းပသော စူပါဘိုကာရှီ ပြုလုပ်နည်းသရုပ်ပြပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မြောက်ဦးမြို့နယ် မြောင်းဘွေကျေးရွာနှင့် ပီပင်ရင်းကျေးရွာရှိ စိုက်ပျိုးရေးဦးစီးဌာန နည်းပညာပြန့်ပွားရေး စင်တာများတွင် ပြုလုပ်ကျင်းပခဲ့သည်။
Subscribe to