ကျိုက်လတ် ဇူလိုင် ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျိုက်လတ်မြို့နယ် ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်အဆင့်(၂)ဖြင့် ကျောင်းသား၊ ကျောင်းသူများ၊ မိဘပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်များကို ပြုလုပ်ပေးလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက အိမ်ယာကြီးကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကွင်းဆင်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျိုက်လတ်မြို့နယ် ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးထွန်းဆွေ ဦးဆောင်သော ဝန်ထမ်းများက အဆိုပါကျေးရွာရှိ ကျောင်းသား၊ ကျောင်းသူများ၊ မိဘပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်များ ထုတ်ပေးနိုင်ရေးကို စနစ်တကျ စိစစ်ပြုလုပ်ပေးခဲ့ရာ ၃(က) ၁၃ ဦး၊ ၆(က) ၁၄ ဦး၊ လဲလှယ် (၉၆)ဦး၊ မိတ္တူ (၃၇)ဦး စုစုပေါင်း ကျား (၆၉)ဦး၊ မ(၉၃)ဦး၊ စုစုပေါင်း (၁၆၂)ဦးတို့အား ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်းသိရသည်။ ထိုသို့ကွင်းဆင်း ဆောင်ရွက်ပေးရာတွင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခဲ့သည်။ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျိုက်လတ် မြို့နယ် ဦးစီးမှူးရုံးအနေဖြင့် "လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားစိစစ်ရေးကတ်ပြားကိုင်ဆောင်စို့" ကျောင်းသူများ၊ မိဘပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ နေ့စဥ်ပြုလုပ်ပေးလျက်ရှိပြီး ပန်းခင်းစီမံချက် အဆင့်(၂)ဖြင့် ကျန်ရှိနေသော ရပ်ကွက်၊ ကျေးရွာများကိုလည်း ကွင်းဆင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဒေါ်ရီရီမြင့်