ချင်းပြည်နယ်အစိုးရအဖွဲ့မှ ဦးဆောင်ကြီးမှူး၍ ဟားခါးမြို့၊ အတုလဂုဏ်ရည်သာသနာ့ဗိမာန်တော် ကြီးတွင် စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အလှူတော်မင်္ဂလာအခမ်းအနားကျင်းပ

ချင်းပြည်နယ်အစိုးရအဖွဲ့မှ ဦးဆောင်ကြီးမှူး၍ ဇူလိုင်လ ၂၉ ရက်နေ့ နံနက် ၁၀ နာရီက ဟားခါးမြို့၊ အတုလဂုဏ်ရည် သာသနာ့ ဗိမာန်တော်ကြီး၌ စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အလှူတော် မင်္ဂလာ အခမ်းအနားကျင်းပရာ အနောက်မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် မျိုးထွဋ်လှိုင်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးနေစိုး၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ဟန်ဝင်းအောင်၊ လူမှုရေးရာဝန်ကြီး ဦးကျော်စိုးဝင်း၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးမောင်မောင်ဆန်း၊ စစ်ဗျူဟာ (အခြေချဟားခါး) မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ကျော်ဇင်အေး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် မိသားစုများနှင့် ဒေသခံ ဗုဒ္ဓဘာသာဝင်များ တက်ရောက်ကြသည်။

နိုင်ငံတော်ကာကွယ်ရေး တာဝန်များထမ်းဆောင်စဥ် ထိခိုက်ဒဏ်ရာရရှိရာမှ ဆေးရုံ၊ ဆေးခန်းများတွင် တက်ရောက်ကုသ၍ ပြန်လည်ကောင်းမွန်လာသည့် တပ်မတော်သားအရာရှိ၊ စစ်သည်များ ချောင်းသာကမ်းခြေသန့်ရှင်းသာယာလှပရေး ဌာနဆိုင်ရာအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့သို့ အပန်းဖြေခရီးစဥ်ရောက်ရှိနေသည့် နိုင်ငံတော်ကာကွယ်ရေးတာဝန်များထမ်းဆောင်စဥ် ထိခိုက်ဒဏ်ရာရရှိရာမှ ဆေးရုံ၊ ဆေးခန်းများတွင် တက်ရောက်ကုသ၍ ပြန်လည်ကောင်းမွန်လာသည့် တပ်မတော်သားအရာရှိ၊ စစ်သည်များသည် ချောင်းသာမြို့၊ မြို့အဆင့်ဌာနဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးအဖွဲ့များ၊ ဟိုတယ်ဇုန်အဖွဲ့များနှင့်အတူ ယမန်နေ့နံနက် ၇ နာရီ ၃၀ မိနစ်က ချောင်းသာကမ်းခြေသန့်ရှင်း သာယာလှပရေးလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဒုတိယဗိုလ်ချုပ်ကြီး လူအေးနှင့်တာဝန်ရှိသူများ ကျောက်ဖြူမြို့ သန့်ရှင်းသာယာလှပရေး ဌာနဆိုင်ရာများမှ စုပေါင်းသန့်ရှင်းရေးပြုလုပ်နေမှုအား ကြည့်ရှုအားပေး၊ ဒုတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် အခမ်းအနားတက်ရောက်

ဒုတိယဗိုလ်ချုပ်ကြီး လူအေးနှင့်တာဝန်ရှိသူများသည် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ကျောက်ဖြူမြို့ သန့်ရှင်းသာယာလှပစေရေး စုပေါင်းသန့်ရှင်းရေးပြုလုပ်နေမှုအား ကြည့်ရှုအားပေးပြီး စေတီယျတောင်ကျောင်းတိုက် ဆရာတော်အား ဖူးမြော်ကြည်ညို၍ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကာ ၂၀၂၃ ခုနှစ်၊ ဒုတိယအကြိမ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော် အခမ်းအနားသို့ တက်ရောက်ပြီး သစ်ပင်များ စိုက်ပျိုးခဲ့ကြသည်။

မြင်းခြံမြို့၌ အခြေခံပညာဦးစီးဌာနတွင် သတ်မှတ်ပညာအရည်အချင်းနှင့်ကိုက်ညီသည့် ရုံးဝန်ထမ်းများခန့်ထားနိုင်ရေး အရည်အချင်းစစ် စာမေးပွဲပြုလုပ်

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့၌ အခြေခံပညာဦးစီးဌာနတွင် သတ်မှတ်ပညာ အရည်အချင်းနှင့်ကိုက်ညီသည့် ရုံးဝန်ထမ်းများခန့်ထားနိုင်ရေး အရည်အချင်းစစ် စာမေးပွဲကို ယမန်နေ့နံနက် (၉) နာရီအချိန်မှ စတင်၍ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းတွင် ပြုလုပ်ခဲ့သည်။

တာချီလိတ်မြို့၌ ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး အသိပညာပေးဆွေးနွေးပွဲနှင့် မြန်မာနိုင်ငံအိမ်ခြံမြေ ဝန်ဆောင်မှုပညာသင်တန်းဖွင့်လှစ်

မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း(ဗဟို)က ကြီးမှုးကျင်းပသော ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေး အသိပညာပေးဆွေးနွေးပွဲနှင့် မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုပညာသင်တန်း အမှတ်စဉ် (၂/၂၀၂၃)ဖွင့်ပွဲ အခမ်းအနားကို ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ ယမန်နေ့နံနက် (၉)နာရီက Happy Restaurant တွင် ကျင်းပပြုလုပ်ခဲ့သည်။

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ အမြဲတမ်းအတွင်းဝန် ဒိုက်ဦးမြို့နယ် ဗျက်ကလေးကျေးရွာရှိ ကွန်ကရစ်တံတား တည်ဆောက်မည့်နေရာအား လှည့်လည်ကြည့်ရှု

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၊ ဗျက်ကြီးကျေးရွာအုပ်စု၊ ဗျက်ကလေး ကျေးရွာသို့ ယမန်နေ့ နံနက်ပိုင်းက သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်၊ ကျေးလက် ညွှန်ချုပ် (DG) ဦးသိန်းလွင်၊ တိုင်းဦးစီးမှူး ဦးမျိုးအောင်နှင့် အဖွဲ့ရောက်ရှိ၍ ဗျက်ကလေး ကျေးရွာ၌ တည်ဆောက်မည့် ကွန်ကရစ်တံတား‌နေရာ အား ကြည့်ရှုစစ်ဆေးခဲ့သည်။

ကျောက်တော်မြို့နယ် မြို့သစ်မှန်ကျောင်းဘုန်းတော်ကြီးကျောင်း၌ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ်တွင် မြို့သစ်မှန်‌ကျောင်း ဘုန်းတော်ကြီးကျောင်း သန့်ရှင်းသာယာလှပစေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်ကြီးကြပ်မှုဖြင့် မြို့ပေါ်ရပ်ကွက်များအတွင်းရှိ ဘုန်းတော်ကြီးကျောင်းများ၏ ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၈ နာရီက အဆိုပါကျောင်း ရှေ့မျက်နှာစာ၌ ပြုလုပ်ခဲ့ကြသည်။

ကန့်ဘလူမြို့နယ်တွင် ဧရာမင်းစပါး မျိုးစေ့ထုတ် စိုက်ပျိုးပြသခြင်းကွင်းသရုပ်ပြပွဲ ကျင်းပ

 ကန့်ဘလူမြို့နယ်တွင် မျိုးသန့်စပါးမျိုးများ ဖူလုံစေရေးနှင့်မိုးစပါးပန်းတိုင်အထွက်နှုန်း ရရှိရေး အတွက် ဒေသခံတောင်သူများ မိုးစပါးနှင့်ပတ်သက်ပြီး လိုက်နာရမည့်အချက်များ၊ ပျိုးသက်မှန် စိုက်ပျိုးရေးနှင့် တစ်ဧကကောက်ကွက် ပြည့်မီရေး မလစ်ဟင်းစေရေးအတွက် ခရိုင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ကြီးမှူး၍ လက်တွေ့ကွင်း သရုပ်ပြသခြင်းကို ဇူလိုင်(၂၉)ရက်၊ နံနက်ပိုင်းက  ကွင်းအမှတ်ဆင်သေကွင်း၊ဦးပိုင်အမှတ်(၄)တောင်သူ ဦးမျိုးနိုင်၏ စိုက်ကွင်း၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ခိုလမ်မြို့၊ အ.မ.က(မူလွန်)ဝမ်ဖွီးကျောင်း၌ သတ္တမအကြိမ်မြောက် ဝါဆိုသင်္ဃန်း ကပ်လှူပူဇော်ပွဲကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့၊ အ.မ.က(မူလွန်)ဝမ်ဖွီးကျောင်း၌ သတ္တမအကြိမ်မြောက် ဝါဆိုသင်္ဃန်း ကပ်လှူပူဇော်ပွဲကို ယနေ့ နံနက်(၁၀:၃၀)အချိန်က အဆိုပါကျောင်းတွင် ကျင်းပခဲ့သည်။

မာန်အောင်မြို့တွင် သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေး အဘိတ်ဆေးခတ်ခြင်းနှင့်ဖုံး၊သွန်၊လဲ၊စစ် လုပ်ငန်းများဆောင်ရွက်

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် မိုးရာသီကာလ ခြင်ကြောင့်ဖြစ်သော သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရန် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ယနေ့ နံနက်၉နာရီကကမ်းနားရပ်ကွက်နှင့် ရန်အောင်မြင် ရပ်ကွက်တို့တွင် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
Subscribe to