ရေးမြို့နယ်၌ အခြေခံစားသောက်ကုန်ပစ္စည်းများအား သက်သာသောဈေးနှုန်းဖြင့်ရောင်းချ 

ရေး ဇူလိုင် ၂၉

မွန်ပြည်နယ်အစိုးရဖွဲ့၏လမ်းညွန်မှုဖြင့် ကုန်ဈေးနှုန်းတည်ငြိမ်ရေးနှင့် ပြည်သူများ ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူနိုင်ရေးအတွက် မွန်ပြည်နယ်၊ ရေးခရိုင်၊ ရေးမြို့နယ်တွင် အခြေခံစားသောက်ကုန်စည်များကို သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခြင်းကို ရေးမြို့ အောင်မင်္ဂလာရပ်ကွက်  ချောင်းတောင်တံတားကြီးအနီး၌ ယမန်နေ့ မွန်းလွဲပိုင်းမှ စတင်ရောင်းချပေးလျက်ရှိသည်။

ထိုသို့ရောင်းချရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ဦးဆောင်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ဌာနဆိုင်ရာများပူးပေါင်း၍ စိုက်ပျိုးမွေးမြူထုတ်လုပ်ဖြန့်ဖြူးသူတို့မှ ရောင်းချသော အခြေခံစားသောက်ကုန်များဖြစ်သည့် အမဲသား(၁)ပိဿာ(၁၆၀၀၀)ကျပ်၊ ဝက်သား(၁)ပိဿာ(၁၄၀၀၀)ကျပ်၊ ဆိတ်သား(၁)ပိဿာ(၂၅၀၀၀)ကျပ်၊ ကြက်ဥ(၅)လုံး (၁၂၅၀) ကျပ်၊ ဘဲဥ(၅)လုံး (၁၂၅၀)ကျပ်နှင့် ဟင်းသီးဟင်းရွက်များကို ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ရေး(ပြန်/ဆက်)