မိုင်းကိုင် ဇူလိုင် ၂၉
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ် အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူနိုင်ရေးအတွက် သန်းခေါင်စာရင်းယူနစ်များ (Census Units) ရေးဆွဲခြင်းလုပ်ငန်းကို ယနေ့မနက်ပိုင်းက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး၌ စတင်ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် စာရင်းကောက်ယူရမည့် ဒေသများ၊ လူနေထိုင်သော အိမ်ထောင်စုများထပ်ခြင်း၊ ကျန်ခြင်းမရှိစေရန်အတွက် နယ်နိမိတ်တိကျမှန်ကန်သည့် စာရင်းကောက်ကွက်များဖြင့် ပိုင်းခြားသတ်မှတ်ခြင်း၊ မြေပုံရေးဆွဲပြုစုခြင်းလုပ်ငန်းများကို (Geographic Information System) (GIS) နည်းပညာကို အသုံးပြု၍ လွိုင်လင်ခရိုင်နှင့် မိုင်းကိုင်မြို့နယ် လ.ဝ.က ဝန်ထမ်းများ၊ ရပ်ကွက်နှင့်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးများ၊ ရာအိမ်မှူးများက ပူး ပေါင်းဆောင်ရွက်ခဲ့သည်။
အဆိုပါ သန်းခေါင်စာရင်းယူနစ်များ (Census Units) ရေးဆွဲခြင်းလုပ်ငန်းကို လွိုင်လင်ခရိုင်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခရိုင်ဦးစီးမှူး ဦးသိန်းထူးအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ရဲမှူးသန်းထွန်း၊ မြို့နယ်ဦးစီးမှူး ဦးထွန်းလှကျော်တို့က ကြည့်ရှုကြီးကြပ်ခဲ့ပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ချော(မိုင်းကိုင်)