ထားဝယ် ဇူလိုင် ၂၉
ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာရေးစာရာများ၊ Book Club အသင်းနှင့် စာပေချစ်မြတ်နိုးသူများ တို့ပူးပေါင်း၍ စာရေးဆရာဒေါက်တာခင်မောင်ညိုရေးသားသော လူငယ်နှင့် အကောင်းဆုံးသောဘဝကိုတည်ဆောက်ခြင်းစာအုပ် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းက ခရိုင်လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမ၌ ကျင်းပသည်။
ဆွေးနွေးပွဲတွင် တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်ခိုင်က စာရေးဆရာများ၊ စာပေချစ်မြတ်နိုးသူများပူးပေါင်း၍ စာဖတ်ဝိုင်း ဆွေးနွေးပွဲအား ပြန်လည်ပြုလုပ်ပေးလျက်ရှိကြောင်း၊ လူငယ်နှင့်အကောင်းဆုံးသော ဘဝကိုတည်ဆောက်ခြင်း စာအုပ်သည် အနှစ်သာရရှိသော စာအုပ်ဖြစ်ကြောင်း၊ စာအုပ်ထဲရှိအကြောင်း အရာများသည် သိမ်မွေ့နက်နဲသောကြောင့် အဓိကဖော်ထုတ်လိုသောအရာများကို ဆရာကြီး / ဆရာမကြီးများက ဖတ်ရှုပြီး ရှုထောင့်အမျိုးမျိုးဖြင့် ဝိုင်းဝန်းဆွေးနွေးပေးစေလိုကြောင်း၊ လူငယ်နှင့်ပတ်သက်၍ ဌာနမှ ဆောင်ရွက်ပေးနေသည့် အသိပညာပေးလုပ်ငန်းများအား ရှင်းလင်းဆွေးနွေးပြောကြားသည်။
ရှေးဦးစွာ Book Club အသင်းဥက္ကဋ္ဌ ဦးတင့်လွင်က စာအုပ်ထဲမှ အကြောင်းအရာများကို စတင်ဆွေးနွေးပေးခဲ့ပြီး တက်ရောက်လာသော စာရေးစာရာများ၊ Book Club အသင်းဝင်များ၊ စာပေချစ်မြတ်နိုး သူများတို့က လူငယ်နှင့်အကောင်းဆုံးသော ဘဝကိုတည် ဆောက်ခြင်းစာအုပ်ထဲရှိ လူငယ်နှင့်အမှား၊ လူငယ်နှင့်အောင်မြင်ခြင်း၊ လူငယ်နှင့်စူးစမ်းစိတ်၊ လူငယ်နှင့်တာဝန်သိမှု၊ လူငယ်နှင့်အလှအပ၊ လူငယ်နှင့် လူမှုရေးအတွေးများ၊ လူငယ်နှင့်ဒဿန၊ စသည့်အကြောင်းအရာများကို ဖတ်ရှုပြီးစာပေရသအတွေ့ အကြုံများအား အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ငွေဇင်ယော်(ထားဝယ်)