ပေါင်မြို့နယ်တွင် ဝါဆိုမည့် သံဃာတော်များအား ဝါဆိုသင်္ကန်း ကပ်လှူပူဇော်ခြင်းနှင့် စုပေါင်းသန့်ရှင်းရေးပြုလုပ်ဆောင်ရွက်
မွန်ပြည်နယ်၊ ပေါင်မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်း (၃၂၈) ကျောင်းတွင် ဝါဆိုဝါကပ် တော်မူမည့် သံဃာတော်များ စိတ်အေးချမ်းသာစွာ သီတင်းသုံးနေထိုင်နိုင်ရေးအတွက် ဝါဆို သင်္ကန်းကပ်လှူခြင်းနှင့် ကျောင်းတိုက်များအတွင်း စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများကို မြို့နယ် စီမံ အုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဇူလိုင်လ (၂၇) ရက်နေ့မှ (၃၁)ရက်နေ့အထိ မြို့နယ် အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများအရောက် သွားရောက်ဆောင်ရွက်ခဲ့ကြသည်။