ခန္တီးမြို့နယ်တွင် တောင်သူပညာပေးသင်တန်းနှင့် ကွင်းသရုပ်ပြပွဲဆောင်ရွက်
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ခန္တီးမြို့နယ်တွင် ခရိုင်စိုက်ပျိုးရေးဦးစီးဌာနက ယမန်နေ့နံနက်(၉)နာရီအချိန်က အောင်မြေအုပ်စု၊ လာဝယ်ကျေးရွာ(VDP)ခန်းမ၌ တောင်သူပညာပေးသင်တန်းနှင့် ကွင်းသရုပ်ပြပွဲဆောင်ရွက်ခဲ့သည်။