ကံမ ဇူလိုင် ၃၀
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် ကံမမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ဦးဆောင်၍ ပြည်သူများစားဝတ်နေရေး အဆင်ပြေစေရန်အတွက် ကိုယ်တိုင်စိုက်ပျိုးမွေးမြူရေး ထုတ်လုပ်ရောင်းဝယ်သူများမှ တန်ဖိုးသင့်တိုက်ရိုက်အရောင်းဆိုင်ကို ဇူလိုင် (၃၀) ရက်နေ့နံနက် (၆) နာရီခွဲက အမှတ်(၂)ရပ်ကွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရှံးရှေ့ မြေကွက်လပ်၌ သက်သာသော ဈေးနှုန်းများဖြင့် ဖွင့်လှစ်ရောင်းချပေးရာ ဈေးရောင်း/ဈေးဝယ်သူများဖြင့် စည်ကားခဲ့ကြောင်း သိရသည်။
ထိုသို့ဖွင့်လှစ်ရောင်းချရာတွင် အသား/ငါး (၁၀) ဆိုင်၊ ဟင်းသီးဟင်းရွက်(၉)ဆိုင်၊ ကုန်စိမ်း(၂) ဆိုင်တို့မှ အမဲသား(၁) ပိဿာလျှင် (၁၃၀၀ဝ)ကျပ်၊ ဝက်သား(၁)ပိဿာလျှင် (၁၃၀၀ဝ)ကျပ်၊ ကြက်သား (၁)ပိဿာ(၁၂ဝဝဝ) ကျပ်၊ ကြက်ဥ (၁)လုံး ၂၅၀ ကျပ်၊ ဘဲဥ (၁)လုံး ၂၉၀ ကျပ်၊ ငါးကြင်း(သေး) (၁) ပိသာလျှင် (၇၀၀ဝ)ကျပ်၊ ငါးကြင်း(ကြီး)(၁) ပိဿာလျှင်(၁၂၀၀၀)ကျပ်နှုန်းတို့ဖြင့် ဈေးနှုန်းချိုသာစွာ အသီးသီးရောင်းချပေးခဲ့ရာ ဒေသခံပြည်သူများမှ စည်းကားသိုက်မြိုက်စွာ ဝယ်ယူခဲ့ကြပြီး အဆိုပါ ဖွင့်လှစ်ရောင်းချရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးအုန်းဌေးနှင့်အဖွဲ့ဝင်များက သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး အဆိုပါ ယနေ့ဖွင့်လှစ် ရောင်းချပေးသည့် တန်းဖိုးသင့်တိုက်ရိုက်အရောင်းဆိုင်ကို အပတ်စဉ်တနင်္ဂနွေနေ့တိုင်းဖွင့်လှစ် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်ဇေယျဝင်း(ကံမ)