လောက်ကိုင်မြို့တွင် မြို့နယ်သန့်ရှင်းသာယာလှပရေးနှင့် ရေနုတ်မြောင်းများ ရေစီးရေလာ ကောင်းမွန်ရေးအတွက် စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများဆောင်းရွက်

လောက်ကိုင် ဇူလိုင် ၃၀

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့တွင် မြို့နယ် သန့်ရှင်းသာယာလှပရေးနှင့် ရေနုတ်မြောင်းများ ရေစီးရေလာကောင်းမွန်စေရန်အတွက် ဌာန ဆိုင်ရာများ စုပေါင်း၍ သန့်ရှင်း​​ရေးလုပ်ငန်းများကို ယမန့်နေ့ နံနက် ၈ နာရီအချိန်က ဆောင်ရွက်ခဲ့ ကြကြောင်း သိရသည်။

အဆိုပါ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ရန် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံ အုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးမိုးဇော်လတ် ဦးဆောင်၍ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး ကျော်ကျော်ဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်ဦးနှင့် ဌာန ဆိုင်ရာ ဝန်ထမ်းများက အမှတ် (၁)ရပ်ကွက်  ရှင်ဖူချောင်တံတားမှ ကြာပန်းဝိုင်းအထိ လမ်းဘေး ဝဲ/ယာ တစ်လျှောက် သန့်ရှင်းသာယာလှပရေးအတွက် အမှိုက်သရိုက်များ ကောက်ယူခြင်း ချုံနွယ်နှင့် မြက်ပင်များ ရှင်းလင်းခြင်း၊ ပိတ်ဆို့နေသော ရေနုတ်မြောင်များအား စက်ယန္တရား များဖြင့် ဖောက်ထုတ်ဖယ်ရှားရှင်းလင်းခြင်း စသည့်လုပ်များကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ သန့်ရှင်းရေးလုပ်ငန်းများကို ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူများ စုစုပေါင်း အင်အား (၂၀၀)ဦးခန့်ဖြင့် ယမန်နေ့ နံနက် ၁၁ နာရီအချိန်တွင် ဆောင်ရွက်ပြီးစီးခဲ့ကြောင်း သိရ သည်။

ချန်ထွန်းအောင်