မှော်ဘီ ဇူလိုင် ၃၀
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ခု၊ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)ကို မြို့နယ်အတွင်းရှိ ကျေးရွာ(၁၂)ရွာတို့တွင် အကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်ပြီး ကျေးရွာ (၁၂)ရွာတို့မှ စီမံကိန်းကော်မတီဝင်များအားကျေးရွာဖွံ့ ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း (VDP) စီမံချက်ရေးဆွဲခြင်းနှင့် ရန်ပုံငွေသုံးစွဲရေး အစီအစဉ် (AVIP)သင်တန်းကို အဆိုပါဦးစီးဌာနရှိ အစည်းအဝေးခန်းမတွင် ဇူလိုင်လ(၂၈)ရက်နေ့ နံနက်ပိုင်းက ဖွင့်လှစ်သင်ကြားပေးသည်။
သင်တန်းဖွင့်ပွဲတွင် မှော်ဘီခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ဆွေဆွေမြင့်က သင်တန်းဖွင့်လှစ်ပို့ချခြင်းနှင့် ပတ်သက်၍ ရရှိလာမည့် အကျိုးကျေးဇူးများနှင့် စီမံခန့်ခွဲမှုဆိုင်ရာ အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်ဦးစီးမှူး ဉီးတင်စိုးက ကော်မတီဝင်များ၏ ဦးဆောင်မှုဖြင့် ကျေးရွာနေပြည်သူများ စိတ်အားထက်သန်စွာ ပူပေါင်းဆောင်ရွက်ရေး စီမံချက်ရေးဆွဲခြင်းနှင့် လုပ်ငန်း ဆောင်ရွက်မှုတို့အား အချိန်နှင့် တစ်ပြေးညီ ပြီးစီးနိုင်ရေး ဝိုင်းဝန်းကြိုးပမ်းကြရန်တို့ကို ရှင်းလင်းပြောကြားသည်။
အဆိုပါ သင်တန်းသို့ မှော်ဘီမြို့နယ်အတွင်းရှိ ကျေးရွာ(၁၂)ရွာမှ သင်တန်းသား၊ သင်တန်းသူ (၂၄)ဦးတို့ တက်ရောက်ကြပြီး သင်တန်းတွင် ကျွမ်းကျင်နည်းပြများက စီမံကိန်းရေးဆွဲနည်း ရန်ပုံငွေ သုံးစွဲနည်းဆိုင်ရာ ဘာသာရပ်များကို (၅)ရက်ကြာ စာတွေ့၊ လက်တွေ့သင်ကြားပို့ချပေး သွားမည်ဖြစ်ကြောင်း သိရသည်။
ဝင်းဇော်