ခန္တီး ဇူလိုင် ၃၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ခန္တီးမြို့နယ်တွင် ခရိုင်စိုက်ပျိုးရေးဦးစီးဌာနက ယမန်နေ့နံနက်(၉)နာရီအချိန်က အောင်မြေအုပ်စု၊ လာဝယ်ကျေးရွာ(VDP)ခန်းမ၌ တောင်သူပညာပေးသင်တန်းနှင့် ကွင်းသရုပ်ပြပွဲဆောင်ရွက်ခဲ့သည်။
အဆိုပါတောင်သူပညာပေးသင်တန်းတွင် ခရိုင်ဦးစီးမှူးဦးနိုင်မော်လွင်က အမှာစကားပြောကြားခဲ့ပြီးနောက် သီးနှံကာကွယ်ရေးဌာနခွဲမှ ဦးစီးအရာရှိဦးမင်းမင်းဇော်က ရော်ဘာအစေးလှီးလမ်းကြောင်းတွင် ကျရောက်တတ်သောရောဂါများအကြောင်းကို အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပြီးနောက် ခရိုင်ပညာဌာနခွဲမှ နိုင်ငံ့စီးပွားမြှင့်တင်ရေး အရင်းမပျောက်ရံပုံငွေမှ ဆောင်ရွက်သည့် ချေးငွေစီမံကိန်းတွင်ပါဝင်သော တောင်သူဦးပေါလင်း၏ ရော်ဘာစိုက်ခင်းတွင် ကော်ဖီသီးနှံသီးညှပ်စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကို ဆောင်ရွက်ခဲ့သည်။ ယင်းအခမ်းအနားသို့ တောင်သူ(၅၀)ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
အေးခိုင်(ပြန်/ဆက်)