တနိုင်းမြို့အတွင်းရှိ ဘုန်းတော်ကြီးကျောင်း(၂၈)ကျောင်း၌ မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

တနိုင်း ဇူလိုင် ၃၀

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့တွင် ခရိုင်/မြို့နယ် ဌာနဆိုင်ရာဝန်ထမ်းများက မြို့အတွင်းရှိ ဘုန်းတော်ကြီးကျောင်း (၂၈) ကျောင်း၌ စုပေါင်းသန့်ရှင်းရေးကို ဇူလိုင်လ ၂၉ ရက်နေ့ နံနက် ၇ နာရီခွဲက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာတွင် တနိုင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စိုး နှင့်အဖွဲ့ဝင်များ ဦးဆောင်ကြီးကြပ်၍ ခရိုင်/မြို့နယ် ဌာနဆိုင်ရာဝန်ထမ်းများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများပူးပေါင်း၍ တနိုင်းမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်း (၂၈)ကျောင်းဝန်းအတွင်းအပြင်ရှိ အမှိုက်သရိုက်များလှည်းကျင်းပေးခြင်း၊ မြက်ပင်များ၊ သစ်ပင်ခြုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်းနှင့် အမှိုက်များမီးရှို့ခြင်းတို့ကို  စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းကို အပတ်စဉ်စနေနေ့တိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး တာဝန်ရှိသူတစ်ဦးထံမှ သိရှိရသည်။

ပန်းအိ(တနိုင်း)