မိုင်းပန်မြို့နယ် “နမ့်ခုံး”ရှမ်းများပရဟိတအသင်းခွဲမှ ကုသိုလ်ဖြစ် အခမဲ့ဆေးခန်း ဖွင့်လှစ်

မိုင်းပန်  ဇူလိုင်  ၃၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် သက်ကြီးရွယ်အိုဘိုးဘွားများနှင့် မသန်စွမ်းသူများ ကျန်းမာကြံ့ခိုင်မှုရှိစေရေးအတွက် ကုသိုလ်ဖြစ် အခမဲ့ဆေးခန်းကိုမွေတော် ပရိယတ္တိစာသင်တိုက် မြို့ဦးဓမ္မာရုံ၌ ယမန်နေ့နံနက် ၉ နာရီအချိန်က ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကုသိုလ်ဖြစ်အခမဲ့ဆေးခန်းတွင် မိုင်းပန်မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ‌ တပ်မတော်မှ စေတနာ့ဝန်ထမ်း ခွဲစိတ်ဗိုလ်ကြီးအောင်မျိုးထက်နှင့် ကျန်းမာရေးဝန်ထမ်းများ၊ “နမ့်ခုံး” စေတနာ့ဝန်ထမ်းများစုပေါင်း၍ သက်ကြီးရွယ်အို ဘိုးဘွားများအား ကိုယ်လက်ကျန်းမာရေး ပြုလုပ်ပေးခြင်း၊ သွေးပေါင်ချိန်များ တိုင်းတာပေးခြင်း၊ သွေးတိုး၊ ဆီးချို/သွေးချို ရောဂါများ စစ်ဆေးပေးခြင်းနှင့် ကျန်းမာရေးစစ်ဆေးပေးခဲ့ပြီး ဘိုးဘွားများနှင့် သံဃာတော်များအတွက် လိုအပ်သောဆေးဝါးများကို  “နမ့်ခုံး”ရှမ်းများပရဟိတအသင်းခွဲမှ အခမဲ့ ပေးအပ်လှူဒါန်းခဲ့ ကြောင်း သိရသည်။

နော်မှိုင်း(ပြန်/ဆက်)