သာစည်မြို့နယ်တွင် အသက် ၈၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေပေးအပ်

သာစည် ဇူလိုင် ၃၁

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်၌ အသက် ၈၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေပေးအပ်ပွဲကို ယမန်နေ့ နံနက် ၉ နာရီအချိန်က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ကြောင်းသိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမျိုးသက်ကျော်က ထောက်ပံ့ငွေပေးအပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများအနေဖြင့်  မိမိတို့ ဒေသရောက်သည်နှင့် ထောက်ပံ့ငွေများကို သက်ဆိုင်ရာဘိုးဘွားများထံ အမြန်ဆုံးထောက်ပံ့ ပေးအပ်ကြရန် မှာကြားသည်။ ထို့နောက်မိတ္ထီလာခရိုင် လူမှုဝန်ထမ်းရုံးမှ ဒုတိယဦးစီးမှူး ဒေါ်အိမ်သူဆွေက လူမှုရေးပင်စင် ထောက်ပံ့ငွေများကို  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌထံ လွှဲပြောင်းပေးအပ်သည်။ ဆက်လက်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများမှတဆင့် သက်ဆိုင်ရာသက်ကြီးဘိုးဘွားများထံ ထောက်ပံ့ပေးနိုင်ရန် ထောက်ပံ့ငွေများကို ရပ်ကွက်/ကျေးရွာအုပ်စုအလိုက် လွှဲပြောင်းပေးအပ်ခဲ့ကြောင်းသိရသည်။

ထောက်ပံ့ငွေပေးအပ်ရာတွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပထမသုံးလပတ်အတွက် တစ်ဦးလျှင် ငွေကျပ် ၃၀၀၀၀ဖြင့် ၁၂၆၁ ဦးအတွက် ငွေကျပ် ၃၇၈၃၀၀၀၀ကို ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း သိရသည်။

 မြို့နယ်(ပြန်/ဆက်)